အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနား အစပိုင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့အတွက် အရင်ဆုံး ဝိုင်းဝန်းဆုတောင်းခဲ့ကြပါတယ်။

အဲဒီနောက် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာ၀န်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့က အမှာစကားပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားနဲ့ ချီတက်ပွဲကို နယူးယောက်မြို့ရှိ NYCBC အဖွဲ့က ဦးဆောင်ကာ အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေ ထောင်နဲ့ချီတက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကိုယ်စားပြု ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအပြင် တရားဥပဒေမဲ့ ပြောင်ပြောင်တင်းတင်း ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာက ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီ ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် UN ရုံးချုပ်ရှေ့ကနေ နယူးယောက်မြို့လယ် Time Square ရင်ပြင်အနီးကို ကြွေးကြော်သံတွေ ဟစ်ကြွေးချီတက်ခဲ့ကြပြီး UN ရုံးချုပ်အနီး ပြန်လည်ရောက်ရှိလာတဲ့ ဆန္ဒပြစစ်ကြောင်းကိုအလှူရှင်တွေက နေ့လည်စာ ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Kyaw Soe Latt)

0 Shares:
You May Also Like
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်ကို တကိုယ်‌တော်ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား ပြန်လည်လွတ်မြောက်လာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC ဘင်းမ်စတက် အစည်းအဝေးကျင်းပနေတဲ့ ရှန်ဂရီလာဟိုတယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ထိုင်းတက္ကသိုလ် ပထနှစ်ကျောင်းသား ပွန်(အမည်လွှဲ) ဟာ ဒီနေ့ည ၇ နာရီကျော်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

စစ်ဘေးရှောင်နှင့် ငလျင်ဘေးသင့် ပြည်သူများအတွက် ဈေးရောင်းပွဲတော် ကိုရီးယားနိုင်ငံတွင် ကျင်းပ

ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့မှာ မြန်မာစစ်ဘေးရှောင်နဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရံပုံငွေ ဈေးရောင်းပွဲကို မေလ ၄ ရက် ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစျေးရောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး၊ အဖွင့်အမှာစကားနဲ့ တော်လှန်ရေး အားပေးစကား ပြောကြားခဲ့တယ်လို့ NUG ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။