MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့ လူနေရပ်ကွက်တစ်ခုက ကားဝပ်ရှော့တစ်ခုမှာ စစ်ကောင်စီက ကြဲချတဲ့ ဗုံးတွေကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတွေကဆိုပါတယ်။

မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက လားရှိုးမြို့ပေါ် ရပ်ကွက် ၈ အနောက် ကားဝပ်ရှော့ပေါ်သို့ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

ထိခိုက်သေဆုံးရတဲ့ အရေအတွက်ကို လတ်တလောမှာ အတည်မပြုနိုင်သေးသလို MNDAA ဘက်ကလည်း တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

လားရှိုးမြို့ကို ပြီးခဲတဲ့ စက်တင်ဘာ ၂ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ရက်ခြားဆိုသလို စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ၁၄ ကြိမ်ရှိပြီး သုံးယောက်သေဆုံးခဲ့ရတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

အရပ်သား ပြည်သူတွေနေထိုင်ရာ နေရာတွေကိုပစ်မှတ်ထားဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ အရှက်မရှိတဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တယ်လို့ MNDAA က အပြင်းအထန်ရှုံ့ချထားပါတယ်။

ဓာတ်ပုံ (Nay Wai Soe)

0 Shares:
You May Also Like
Read More

ဆိတ်ဖြူမြို့နယ်မှာ တော်လှန်ရေးရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်စည်းကမ်း သင်တန်းပို့ချ

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်မှာ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံက ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပို့ချခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်တန်းဒေသထိုးစစ်တွေကို  ​မြေပြန့်ဆီ စစ်ရေးအတွေ့အကြုံတွေနဲ့အတူ ဝတ်မှုံကူးသယ်​​ဆောင်သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ပြော

၂၀၂၅ ခုနှစ်အတွင်း တောင်တန်းဒေသထိုးစစ်တွေကနေ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ၄နှစ်တာစစ်ရေးအတွေ့အကြုံတွေနဲ့ ဝတ်မှုံကူးသယ်ဆောင်လာဖို့ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဆိုထားပါတယ်။
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟင်္သာတထောင်မှာ ထောင်ဝန်ထမ်းက အရက်မူးပြီး နိုင်ကျဉ်းတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ယောက်ကို အကျဥ်းထောင်ဝန်ထမ်းက အရက်သေစာသောက်စားပြီး အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။