မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီခွဲလောက်မှာ ကပစ ၂၂ ကနေ အင်အား ၃၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းကိုနင်းမိလို့ ၂ယောက် ခြေပြတ်သွားပြီး အဲဒီထဲကတစ်ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

“နင်းမိုင်း ၂ လုံးမိတယ် ခြေပြတ်တယ်၊  ထိခိုက်သွားတဲ့အခြေအနေကတော့ တစ်ယောက်ကတော့ လုံးလုံး ပြတ်ထွက်သွားတယ်၊ တစ်ယောက်ကတော့ ပြတ်တယ်။ စိုးရိမ်ရတဲ့အနေအထားမရှိဘူး။ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။” လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။

မိုင်းနင်းမိပြီးနောက် စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို ကပစ ၂၂ ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာမျိုး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါမိုင်းကို ကြိုတင်ထောင်ထားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်သားတွေဟာ ၎င်းလမ်းပိုင်းမှာ သွားလာနေတဲ့ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် အခုလိုလုပ်ဆောင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းနင်းမိပြီးနောက် စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ကပစ (၂၂) ထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ကလည်း ကပစ ၂၂ ကိုလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ရိက္ခာပို့ စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပေါက် − ဆိပ်ဖြူလမ်းပိုင်းတစ်နေရာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်သား ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ ကျော်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန် လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃၀ ဦးထက်မနည်း သေပြီး တပ်ရင်းမှူးအပါ ၁၀ ဦးခန့်ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ထက်မနည်း သေဆုံးပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က ဒီနေ့မှ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် ရှိ ကျေးရွာ ၂ ရွာကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာရ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

ခင်ဦးနယ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေ ကိုယ့်ဒရုန်းကိုယ်ပြန်ခေါ်ရင်း ဗုံးသီးပြုတ်ကျလို့ ၆ယောက်သေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။