စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ကျဆုံးရဲဘော်တွေကတော့ ရဲဘော် ကောင်းကောင်း (ခ) K2၊ ရဲဘော် ကျီကွန့်နဲ့ ရဲဘော် ရဲမင်းထက် (ခ) နေမင်းတို့ ဖြစ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေကို ခင်မြို့နယ် ပကဖ၊ ပအဖ တို့က ဂုဏ်ပြုထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်၊ ရဲမေတွေနဲ့ ဒဏ်ရာရ ရဲဘော်၊ ရဲမေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှု၊ ဂုဏ်ပြုအသိအမှတ်ပြုမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ပကဖ အသံက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နယ်မြေများ လက်လွှတ်ခဲ့ရသည့်အပေါ် MDY-PDF တောင်းပန်၊ ဆုံးရှုံးနယ်မြေများအား ပြန်လည်သိမ်းပိုက်မည်ဟု ကတိပြု၊

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီညီ ဆင်နွှဲခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့တဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးခဲ့ရတဲ့အပေါ် တောင်းပန်ကြောင်းနဲ့ အဆိုပါဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်သွားမှာဖြစ်ကြောင်း MDY-PDF က ဒီကနေ့ အသိပေးထုတ်ပြန်လာပါတယ်။
Read More

မုန်း – အုတ်ဖြတ် လမ်းပိုင်း စစ်တောင်းမြစ်တံတားပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ် စနိုက်ပါနှင့် ပစ်ခံရပြီး ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သေဆုံးစစ်သားအလောင်းတွေကို ချက်ချင်း သယ်ထုတ်သွားကြတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူပိုင်နေအိမ်တချို့မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ကျောက်ပန်းတောင်း-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကား ၁ စီး တိုက်ခိုက်ခံရပြီး ဗိုလ်အပါ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ကျောက်ပန်းတောင်း-ချောက် (အမှတ်- ၂ ပြည်ထောင်စု) လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကားတစီး ကို အနီးကပ် ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဗိုလ် အဆင့် ရှိသူအပါ ၁၀ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မကွေးခရိုင် အမှတ်(၃) တပ်ရင်း(CRA) တာဝန်ရှိသူ တစ်ယောက်က မောင်းကိုပြောပါတယ်။