စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်က မုံရွာ-မန္တလေးလမ်းပေါ် ချောင်းဦး-နတ်ရေကန်အကြားမှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ 4kg ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး မြေပြင်အခြေအနေအရ အရေအတွက် အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yae Nagar ၊ Seven Defend Force နဲ့ ဇာမနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Yae Nagar

0 Shares:
You May Also Like
Read More

ဖာပွန် အမှတ် ၄၃၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၄၃၄ ခြေလျတပ်ရင်းကို PDF တပ်ရင်း တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ ရတဲ့ ရုပ်သံမှတ်တမ်းကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်၏ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲ ကျရောက်ခဲ့သည့် မှတ်တမ်းရုပ်သံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ PDF ရဲဘော် ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ချေမှုန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ အောင်ပွဲခံ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်း ဗျူဟာစခန်းကို အောက်တိုဘာ ၁၇ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ ကြတယ်လို့ သိရပါတယ်။