ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအားလုံးကနေ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒေါက်တာအေးမောင်အနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည့်တံခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး ၃ ပါးကို စွဲမြဲစွာ စောင့်ထိန်းသွားမယ်လို့ သန္နိဌာန်ပြုသလို စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ပါဝင်ဆောင်ရွက်မယ်လို့ ကတိပေးတာကြောင့် အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာလို့ ဆိုထားပါတယ်။

ဒေါက်တာအေးမောင်ဟာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တုန်းက စစ်တွေခရိုင်တရားရုံးကနေ  နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာပဲ အကြမ်းဖက်စစ်ခေါင်းဆောင်က ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၈ ကို ဖောက်ဖျက်ကျူးလွန်ခဲ့တာကြောင့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပေမယ့် အခု မင်းအောင်လှိုင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ လာမယ့်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ မှာတော့ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြစ်စေ၊ အဂတိလိုက်စားမှုဖြင့်ဖြစ်စေ သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသက်မရှိ ထောင်ဒဏ် ဒါမှမဟုတ် ထောင်အနှစ် ၂၀ ချမှတ်နိုင်တဲ့ ပြစ်မှုနဲ့ပြစ်မှုထင်ရှားစီရင်ခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသလို နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာပါ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင် လွတ်ငြိမ်းချမ်းသာပေးလိုက်တဲ့ ဒေါက်တာအေးမောင်ဟာ မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ စစ်တွေခရိုင်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်းသတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

0 Shares:
You May Also Like
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
Read More

ရေဖြူနယ် ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦး အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦးဟာ ၄င်းတို့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတား ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၅) တပ်ရင်းက တပ်သား ဦးဇင်မင်းဟာ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF Zoland အခြေခံစစ်သင်တန်း အပတ်စဥ် (၁၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ရှိ ဇိုမီးတော်လှန်ရေးတပ်ဖွဲဖြစ်တဲ့ PDF Zoland ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ  ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

AA ရဲ့ ထိုးစစ်တွေကြောင့် ဂွမြို့နယ်ထဲက စစ်ကောင်စီ အမြောက်တပ် နောက်ဆုတ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။