စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး စစ်သားတွေနဲ့ ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ယောက်ကို ဖမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ကလေးမြို့နယ် နန်းစောင်းပုရွာသစ်ကို ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA) နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့ အင်အား ၁၃၀ ခန့် စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး အကြမ်းဖက်စစ်သားတွေနဲ့ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ယောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေထံက MA-1 ၃ လက်၊ MA-3 ၁ လက်၊ MA-11 ၁ လက်၊ 7.62 ကျည် ၂၇၇ တောင့်၊ 5.56 ကျည် ၈၉ တောင့်၊ RPG ဗုံးသီး ၁ လုံး၊ RPG ပို့ယမ်း ၃ ခု၊ နင်းမိုင်း ၁၂ ခု၊ မိုင်းရှင်းစက် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၉ ခုနဲ့ မူးယစ်ဆေး အမျိုးအစား ၃ မျိုးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးတဲ့ ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Zoland PDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး သြဂုတ် ၁၅ ရက်ကလည်း စစ်သား ၃ ယောက်သေဆုံးကာ စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိခဲ့ပြီး သေနတ်မျိုးစုံ ၁၀ လက်သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။

Video – အမှတ် ၁ စစ်ဒေသ

0 Shares:
You May Also Like
Read More

MLA ၏ ကျန်းမာရေးဌာနမှ စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ပြုလုပ် (ရုပ်/သံ)

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ ကျန်းမာရေးဌာနက ဦးစီးပြီး စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေးကေကော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ Black Panther Column မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ်မှာ စစ်သုံ့ပန်း ၂ ဦး သေနတ်လုထွက်ပြေးတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်လည်မရောက်စေဖို့ ထောက်ပို့ပြည်သူများ ဝိုင်းဝန်းကူညီကြဖို့ အကူအညီတောင်းခံ (ရုပ်/သံ)

''မိုးဗြဲမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ကြံ့ကြံ့ခံရင်း နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေတာ အားလုံး အသိဘဲဖြစ်ပါတယ်။ ဒေသတွင်း အရေးပါတဲ့မိုးဗြဲမြို့ကို စစ်ကောင်စီ၏ပြန်လည်မထိန်းချုပ်နိုင်ရေးအတွက် အားလုံး ပါဝင်ပေးကြဖို့လိုအပ်ပါတယ်''လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါ တယ်။
Read More

ဖာပွန်မြို့နယ် ကူးဆိပ် စစ်ကောင်စီ ခံစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကူးဆိပ် စစ်ကောင်စီခံစစ်တပ်စခန်းကို တောင်ပိုင်းစစ်ဆင်ရေးနယ်မြေ အမှတ် ၂၇ စစ်ဗျူဟာရဲ့ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံမှတ်တမ်းကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ မတ်လ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။