မကွေးခရိုင် ပကဖ တပ်ခွဲ (၁) အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့က တပ်ခွဲမှူးတစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၉ ရက် မနက် ၈နာရီကျော်လောက်မှာ ချောက်မြို့နယ် သစ်တိုကန်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း တပ်ခွဲမှူး ရဲဘော် တောက်တဲ့ (ခ) ထွန်းလင်းအောင် ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ရဲဘော် တောက်တဲ့ရဲ့ ရုပ်အလောင်း အခက်အခဲကြားကနေ သယ်ယူခဲ့ရကြောင်း တပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံက ပြောပြပါတယ်။

“လက်နက်ငယ်မှန်ပြီးတော့ အဲ့နားတင် ပွဲချင်းပြီး ကျသွားတယ်။ တခြားဒဏ်ရာရတဲ့သူတော့ မရှိဘူး။ ရုပ်အလောင်း ပြန်ကောက်တဲ့အချိန်မှာ ကင်းပုန်းတွေကြားထဲကနေ ကျနော်တို့ရဲဘော် အသက်မရပေမယ့် Dead Body ကို မရရအောင် ထုတ်တယ်။ ကင်းပုန်းတွေကြားထဲက ကျနော်တို့ ဖြတ်တယ်။ ဖြတ်ပြီးတော့ ထုတ်ခဲ့ရတယ်။ အင်အားမမျှတတဲ့အတွက် ပြန်ပြီးတော့ ပစ်ခတ်မှုတော့ မဖြစ်ပွားခဲ့ဘူး” လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ကျဆုံးရဲဘော် တပ်ခွဲမှူး တောက်တဲ့ (ခ) ထွန်းလင်းအောင်ဟာ တော်လှန်ရေးမှာ အားကိုးယုံကြည်လို့ရတဲ့ ရဲဘော်ကောင်းတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့က မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ခွဲ (၁) အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့.. သူက ကျနော်တို့ ခွဲထွက်ကိုမှ သူ့ကို သပ်သပ် နောက်တစ်ခွဲ ထပ်ပေးထားတယ်။ အာဠာဝကခွဲကို နောက်တစ်ခွဲ သူ့ကို နေရာပေးထားတယ်။ ရွာတစ်ရွာကို ပေးထားတယ်။ စခန်းမှာ စစ်ရေးပိုင်းမှာ သူ့ကိုလွှဲထားတယ်။ ကျနော်တို့ အကြီးပိုင်းတွေ မအားရင် သူ့ကိုပဲ လွှဲထားတယ်” လို့ အထက်ပါ စစ်ရေးတာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါ တပ်ခွဲမှူး တောက်တပ်ကို သူကျဆုံးတဲ့ ညနေလောက်မှာပဲ သူ့ရဲ့ အမျိုးသမီးနဲ့ ကလေး လာရောက်ကြည့်ရှုပြီးနောက် သင်္ဂြိုလ်လိုက်ကြောင်းနဲ့ ကျန်ရှိ ရဲဘော်တွေကလည်း သူ့အတွက် လက်စားချေပေးသွားမှာဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးက ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။