အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျနော် ပြည်သူလူထုကို ပြောချင်တာက လက်ရှိအခြေအနေနဲ့ အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာရင် ဒါဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲ ဖြစ်လာပါစေ အမှန်တရားတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာမှာက ကျနော်တို့တိုင်းပြည် သူများရဲ့ အပြစ်တင်ဝေဖန်မှုကို ခံရမှာ ဖြစ်တယ်၊ သူတို့ (စစ်တပ်) လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ မမှန်မကန်တာတွေပဲ ဖြစ်လာမှာ ဖြစ်တယ်။” လို့ ဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ပြောကြားထားတာပါ။

စစ်အာဏာရှင်တွေ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ အမှန်တရား တစ်ခါမှ မရှိခဲ့ဖူးဘဲ အကြမ်းဖက်ခိုင်းစေခံရတာသာဖြစ်တယ်လို့လည်း ရဲမှူးချုပ်က ပြောဆိုထားပါတယ်။


“အခုဆို ကျနော် အသက် ၇၀ ပြည့်တော့မယ်၊ ကျနော်က စစ်ရေးကာလမှာ မွေးဖွားလာတာပါ။ မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ခံနေရတဲ့ နိုင်ငံဖြစ်တယ်။ ဥပဒေ ရှိလည်း အုပ်ချုပ်တယ်၊ မရှိလည်း အုပ်ချုပ်တယ်၊ ပြန်ကြည့်ရမယ်ဆိုရင် ၆၂ ခုနှစ်(၁၉၆၂) နောက်ပိုင်း ၇၄ ခုနှစ်ရောက်မှ ဥပဒေကို ပြဌာန်းလာတယ်။ ကြားကာလမှာ ဥပဒေမရှိဘူး၊ သူတို့ပဲ အုပ်ချုပ်တယ်၊ ရွေးကောက်ပွဲ ရှိတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲက အမှန်တရား တစ်ခါမှ မရှိဘူး။ ပြောချင်တာက ပြည်သူလူထု တကယ်လိုအပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ အကြမ်းဖက်ခိုင်းစေခံရတာပဲ ဖြစ်တယ်။” လို့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် က ပြောပါတယ်။

ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက ကရင်လူမျိုးဖြစ်ဖြစ် အခြားတိုင်းရင်းသားလူမျိုး ဖြစ်ဖြစ် ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုတာက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပြည်နယ်နှင့် ယူနစ်များကို လေကြောင်းတိုက်ခိုက်လေ့ရှိသည့် လေဆိပ်နှင့် လေယာဉ်အမျိုးအစားများကို EAR နှင့် မိတ်ဖက်များ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီက ပျူစောထီးခေါင်းဆောင် KNDP ပါတီ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံ 

ကရင်ပြည်နယ်၊ မြဝတီမြို့က ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့်တာတွေ လုပ်လေ့ရှိတဲ့ ပျူစောထီးခေါင်းဆောင် အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဆိုသူဟာ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) အမတ်လောင်း၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် စစ်အုပ်စု ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ 
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။