ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါစုဖွဲ့လေ့ကျင့်မှုအစီအစဉ်မှာ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုတွေ ပြန်လည်မွမ်းမံလေ့ကျင့်ကာ စစ်ဗျူဟာသင်ခန်းစာတွေ ဆွေးနွေးသုံးသပ်ခဲ့ပြီး ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်စံနှုန်းတွေ လေ့ကျင့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတဝန်းလုံးရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့သလို တပ်ဖွဲ့စည်းပုံနဲ့ တာဝန်တွေ ပြင်ဆင်သတ်မှတ်တာတွေ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။‎

‎Annual Camp 2025 အတွက် ရိက္ခာနဲ့ အထွေထွေလိုအပ်ချက်တွေ ပံ့ပိုးပေးခဲ့တဲ့ ဒေသခံပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ‎ကလေးဒေသတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

‎ကလေးဒေသတော်လှန်ရေးတပ်အနေနဲ့လည်း ဒေသခံပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်နိုင်တဲ့ တော်လှန်တပ်တစ်ခုအဖြစ် ဆက်လက်ကြိုးစားတည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းတဲ့အထိ မဟာမိတ်တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

ဗုံးခိုကျင်းတည်ဆောက်ရေးနှင့် အသိပညာပေးလုပ်ငန်းတွေအတွက် ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထား

ဗုံးခိုကျင်းတည်ဆောက်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေအတွက်  ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထားကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှထုတ်ပြန်ပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။