စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ ငြင်းဆိုခဲ့ပြီးနောက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းက တောင်းဆိုခဲ့ ပါတယ်။

”မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ကို ကျွန်တော် တောင်းဆိုပါတယ်။ ဒီလိုဆက်သွယ်ခွင့်မရှိရင် သူတို့ပြောဆိုချက်ကို လက်ခံယုံကြည်လို့ မရပါဘူး။ မေမေ့ကို အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက်ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး၊ ငြင်းဆိုနေတာဟာ လုံးဝမလက်ခံနိုင်ပါ”လို့ ကို ထိန်လင်းက ပြောပါတယ်။

အသက် (၈၀)အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အကျည်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ထားတာဟာ ကျန်းမာရေးကို ထိခိုက်စေမှာအသေအချာပဲဖြစ်ပြီး အခြေခံလူ့အခွင့်အရေးတွေကို ပိတ်ဆို့ ခံထားရတယ်လို့ ဆိုပါတယ်။

”ကျွန်တော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ရဖို့ကြိုးစားနေတဲ့ မေမေ့ကို မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး”လို့ ကိုထိန်လင်းက ပြောကြားခဲ့ ပါတယ်။

Video – Kim Aris-Htein Lin

0 Shares:
You May Also Like
Read More

လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မှာ ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ မိုင်းရှင်းတဲ့ စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူကနေ မြိုင်မြို့နယ်က စစ်တပ်အခြေစိုက်စခန်းတွေကို ရိက္ခာလာပို့တဲ့ အစီး ၂၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်က ကိုင်းဆယ်အရောက် ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သား ၃ ဦးကို Spring Warriors Column ရဲဘော်များ သွားရောက်ခေါ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေထဲက အလင်းဝင်ချင်တဲ့ တပ်သား ၃ ယောက်ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်နှင့် ၃ ရက်ကြာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်မှ ၁ ယောက် သေ၊ ၅ ယောက် ဒဏ်ရာရကာ ဆုတ်ခွာထွက်ပြေး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မြေနက်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ် (ရုပ်/သံ)

ယောဒေသရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။