အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။

စက်တင်ဘာလ ၉ ရက် မနေ့က ထုတ်ပြန်ခဲ့တဲ့ UEC ရဲ့ ထုတ်ပြန်စာအရ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် ပါတီ ၄ ခုဟာ သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၇ ရက်အထိ ပါတီဝင် ဦးရေ မပြည့်မှီတာတွေနဲ့ ပါတီရုံးခန်း သတ်မှတ်အရေအတွက် လိုအပ်ချက်တွေရှိနေတာကြောင့် ဖျက်သိမ်းခဲ့တာလို့ ဆိုထားပါတယ်။

ဒေါ်စန္ဒာမင်း ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို UEC က ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ဖျက်သိမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)နဲ့ အမျိုးသမီးပါတီ(မွန်)တို့ဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိနေပြီး ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ်မှာ ယှဥ်ပြိုင်သွားမှာလို့ သိရပါတယ်။

ဒေါ်စန္ဒာမင်းကတော့ ပါတီဖျက်သိမ်းမခံရသေးခင်အထိ သူဒုဥက္ကဌတာဝန်ယူထားတဲ့ NDF ပါတီကို ဝင်ရောက်လာသူတွေနဲ့ ကိုယ်စားလှယ်လောင်းလျှောက်ထားသူတွေ များပြားနေကြောင်း ကြားဝါပြောဆိုထားတာ ဖြစ်ပါတယ်။

“NDF ပါတီကို တခဲနက် လာရောက် ပါတီဝင်ကြသူများ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာ လာရောက်တင်ကြသူများ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုးကျွန်းမှလွဲ၍ ကိုယ်စားလှယ်များ အပြည့်ဖြစ်နေပါပြီ/ ဝိုင်းဝန်းကြိုးပမ်းပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ စက်တင်ဘာလ ၈ရက် ညပိုင်းကပဲ ရေးသားခဲ့ပါသေးတယ်။

သူ အခုလို ရေးသားပြီး နောက်တစ်ရက်မှာပဲ ပါတီဖျက်သိမ်းခံလိုက်ရတာပါ။ NDF ပါတီဟာ NLD ပါတီကနေ စစ်တပ်ဘက်ယိမ်းခဲ့သူတွေ တည်ထောင်ခဲ့ကြတဲ့ ပါတီတစ်ခုဖြစ်ပြီး NLD အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ချိန်မှာ နေရာမရတော့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ လာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း (၁) ကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာပေါင်း ၆၀ ကျော်မှ ဒေသခံ သောင်းနှင့်ချီ စစ်ရှောင်ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၆၀ ကျော်က ဒေသခံပြည်သူတွေ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်း ၂၅ ယောက် ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ရရှိခဲ့ကြောင်း BNRA ထုတ်ပြန်၊ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းရင်း BNRA ရဲဘော် ၉ ယောက် ကျဆုံးခဲ့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ကာ မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ်က တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့အတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုး NUG လက်ခံမှာမဟုတ်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော… နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ မြန်မာနိုင်ငံတင်မက ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်ဟု ဆို…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်နိုင်ငံရဲ့ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်(Press Briefing) - ၁၀/၂၀၂၅" မှာ ပြောဆိုလိုက်ပါတယ်။