ဂျပန်နိုင်ငံ၊ Nagano States Shinshu မြို့မှာ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ ယဥ်ကျေးမှုဖလှယ်ပွဲကို စက်တင်ဘာ ၇ ရက် မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး Nagano States Shinshu မြို့တော်ဝန် Mr. Ogiwara Kenji၊ အဆိုပါဒေသက လွှတ်တော်ကိုယ်စားလှယ် Mr. Sugio၊ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း၊ Nagano မြို့ခံဂျပန်နဲ့ မြန်မာလူမျိုးတွေ၊ Tokyo အပါအဝင် တခြားပြည်နယ်က လာတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော်ဝန် Mr.Ogiwara Kenji က ငြိမ်းချမ်းလာတဲ့ သူတို့တိုင်းပြည်နဲ့ သူတို့မြို့အကြောင်း ပြောကြားခဲ့သလို ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံရဲ့ မငြိမ်းချမ်းသေးတဲ့ အကြောင်းအရာတွေကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံရိုးရာအဝတ်အစားတွေနဲ့ နှစ်နိုင်ငံအကတွေကို ဖလှယ်တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ရောက်ခွင့်ရခဲ့

အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Read More

ခရိုနီသူဌေးကြီး ဦးတေဇ၏သမီးဖြစ်သူ ရေချယ်တေဇ အကြောင်း ဖော်ပြထားသည့် စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက်မှ ဖယ်ရှား

ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue အီတလီရဲ့ မိခင်ကုမ္ပဏီ Condé Nast ဆီ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို Vogue Italia website ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ တာဝန်တစ်ရပ်အ‌နေနဲ့ မြန်မာနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတပြော …

လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေနိုင်ရေး အားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။ သမ္မတမားကို့စ်က မြန်မာ့အခြေအနေကို "အာဆီယံရဲ့ မပျောက်နိုင်သေးတဲ့ ဒဏ်ရာတရပ်" အဖြစ် ထောက်ပြပြောဆိုခဲ့ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒီကိစ္စကို အနီးကပ် အာရုံစိုက်နေရမည်ဖြစ်ကြောင်း၊ အခြေခံချဉ်းကပ်မှုက ထိတွေ့ဆက်ဆံရေးသာ ဖြစ်သင့်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားသတင်းဌာန Bernama က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု အတုအယောင် ရွေးကောက်ပွဲရလဒ် နိုင်ငံတကာ အစိုးရများ အသိအမှတ်မပြုရန် Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စုက ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့်  ဘယ်အဖွဲ့အစည်းကိုမဆို နိုင်ငံတကာ အစိုးရတွေ အနေနဲ့ အသိအမှတ်မပြုဘဲ ပြတ်သားစွာ ငြင်းပယ်ဖို့ Justice For Myanmar (JFM) က ဇန်နဝါရီ ၂၆ ရက်နေ့မှာ တောင်းဆို လိုက်ပါတယ်။