စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဝက်တိုးရွာကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။ 

စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ကာဘိုကျေးရွာကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အင်အား ၁၂ ယောက်ခန့်ရှိတဲ့ ပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကြိုတင်သတင်းရလို့ သွားစောင့်ခဲ့တာပါ၊ အပြန်အလှန်ပစ်ခတ်နေချိန်မှာ ဒရုန်းနဲ့ လာရောက်ပစ်ကူပေးတာမျိုးတော့မရှိဘူး၊ ကာဘိုးနဲ့ ဝက်တိုးကနေတော့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်” လို့ စိန်ဗေဒါတပ်ဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၈ ယောက်သေဆုံးကာ G-3 ၁ လက်၊ MA 1 ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ပြောင်းချောအမျိုးအစားဂျောက် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို စိန်ဗေဒါဦးဆောင်တဲ့ ကန့်ဘလူခရိုင်လှုပ်ရှားပကဖမှ တပ်ခွဲ(၄)၊ တန့်ဆည်မြို့နယ်ပကဖ၊ ရေဦးမြို့နယ် လက်ရုံးတပ်၊ TTC ရင်း (၂၅) တန့်ဆည်နဲ့ ကာဘိုးတိုက်နယ်ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

Karenni Nationalities Defense Force – BO3 ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ(၁) တပ်ရင်းအမှတ်(၃) ရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ထွေအုပ်ရုံးမှာ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ပွင့် ဗိုလ်အပါအဝင် ၃ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းမကြီးမှာ အိမ်စီးကားနဲ့ လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ပွင့် ဗိုလ်အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ BRAVE HEART ARMYမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု ၆ ယောက်သေကာ ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရေကန်တောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကို ဒီဇင်ဘာ ၁၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

KNDF တပ်ရင်း (၂) အရာရှိများက တပ်ခွဲမှူး၊ ရဲဘော်​များနှင့် တွေ့ဆုံဆွေးနွေးကာ လက်နက်၊ ဝတ်စုံများ ထောက်ပံ့ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။