တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။

စက်တင်ဘာ ၇ရက် မနက်ပိုင်းက စစ်ကော်မရှင်တပ်သား အင်အား ၂၀၀ ဝန်းကျင်ခန့်ဟာ သရက်ချောင်းမြို့နယ် ရန်တောင်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် အဆိုပါ စစ်ကြောင်းက ရန်တောင်ရွာထဲဝင်ပြီး ရွာထဲက လူနေအိမ် ၃၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်က ရန်တောင်ရွာကနေတဆင့် ရွာနားနီးစပ်ဖြစ်တဲ့ သင်းကျွန်းရွာထဲ ထပ်မံဝင်ရောက်ကာ နေအိမ် ၈ လုံးကို ထပ်မံ မီးရှို့ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာချိန် ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင်း ဖမ်းဆီးခံခဲ့ရသူ မရှိဘူးလို့ ဆိုပါတယ်။

“သူတို့က အခု မီးရှို့ခံရတဲ့ ရွာ ၂ရွာကို ဖြတ်တာ။ အဲဒီရွာ ၂ရွာလုံးက ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ ရွာတွေ။ အဲ့ဒါနဲ့ ရန်တောင်ရွာဘက်ရောက်တော့ သူတို့ တိုက်ခိုက်ခံရတယ်။ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လာတဲ့အတွက်ကြောင့် ရွာထဲဝင်လာပြီးတော့ အိမ် မီးလိုက်ရှို့တာ။ ရန်တောင်ပြီးမှ သင်းကျွန်းကိုလာတာ။ အဲ့ရွာ ၂ရွာက ရွာနားနီးစပ်တွေပဲ” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက မောင်းကို ပြောပါတယ်။

အခု မီးရှို့ခံခဲ့ရတဲ့ သင်းကျွန်းရွာနဲ့ ရန်တောင်ရွာဟာ အရင်ကလည်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရဖူးပေမယ့် အခုလောက် အိမ်အလုံးရေ မများခဲ့ဘူးလို့ ဆိုပါတယ်။ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းဟာ သြဂုတ်လတုန်းကလည်း သရက်ချောင်းမြို့နယ် စော်ဖျား၊ မိုးရွှေကုန်းနဲ့ ဥတ္တူရွာတွေထဲက နေအိမ်များစွာကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

မီးရှို့ခံခဲ့ရသည့် သင်းကျွန်းရွာနှင့် ရန်တောင်ရွာမှ နေအိမ်များ (ဓာတ်ပုံ Democracy Movement Strike Sommittee – Dawei)

0 Shares:
You May Also Like
Read More

ပအိုဝ်းလက်နက်ကိုင်တပ် PNA ပြည်သူ့စစ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့ရဲ့ စစ်အင်အား ပြသ (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားတပ်မတော် - PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနဲ့ ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စတဲ့ အကြီးအကဲတွေက တက်ရောက် အမှာစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြိတ်ခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြပါ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တွင် အမျိုးသမီးငယ်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့မှု လူငယ် ၂ ဦးကို ဖမ်းဆီးရမိဟု စစ်ကော်မရှင် ထုတ်ပြန်၊ အမျိုးသားက ရုပ်ရှင်ထဲကအတိုင်း ရက်ရက်စက်စက် သတ်ကာ ရည်းစားဖြစ်သူက အလောင်းဖျောက်ဖျက်ရာတွင် ကူညီခဲ့

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel မှာ အမျိုးသမီးငယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူနဲ့ အလောင်းဖျောက်ဖျက်ရာမှာ ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ စစ်သား ၁ ယောက်ကို အနီးကပ်ပစ်ခတ်ရှင်းလင်း…

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။