မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်က ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်က စစ်သားတွေနဲ့ ပျူစောထီးတွေ ပါဝင်တဲ့ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းဟာ ကျောင်းကုန်းကြီးကျေးရွာမှာ အင်အားစုဖွဲ့ပြီး မဒဲကျေးရွာမြောက်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ မဲဇလီရဲစခန်းကနေ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းဟာ မဒဲကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်က အထိနာပြီး ထွက်ပြေး ဆုတ်ခွာလာခှန် တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ၁၄ ယောက် သေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ညပိုင်းမှာတော့ ပွင့်ဖြူမြို့နယ် သမ္ဗာဆန္ဒ နာရေးကားတွေ၊ လူနာတင်ကားတွေနဲ့ စစ်သားအလောင်းတွေ၊ ဒဏ်ရာရရှိသူတွေကို လာရောက် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူ၊ ပွင့်ဖြူကာ ကွယ်ရေးတပ် (Local) နဲ့ မင်းဘူးခရိုင်ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။
Read More

နေပြည်တော်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေဟု Kim Aris ပြော

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရသလို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။