စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝလက်အောက်ခံ ပျူစောထီးတွေက အရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးကာ ဆိုးဆိုးရွားရွား ငွေညှစ်တာတွေ လုပ်ဆောင်နေကြတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ရက်နေ့ကနေ ၅ရက်နေ့အထိ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာ ၄ရွာက အရပ်သား ၃၀နီးပါး ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖမ်းဆီးမှုတွေကို စစ်အုပ်စုလက်ပါးစေ ဝါသဝလက်အောက်ခံ ပျူစောထီးတွေက အင်အားသုံး အတင်းအကြပ် လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို စစ်မှုထမ်းလူစားထိုးစျေးကွက်အဖြစ် စိတ်ကြိုက် ငွေညှစ်တောင်းယူကြကြောင်း သိရပါတယ်။

ကန့်ဘလူမြို့နယ်ဟာ တော်လှန်ရေးအားကောင်းရာ မြို့နယ်ဖြစ်ပေမယ့် ချပ်သင်း၊ ကိုးတောင်ဘို့၊ ငါတို့နဲ့ ဇီးကုန်းတိုက်နယ်သကြားစက်စတဲ့ ပျူစောထီးအထိုင်ချစခန်းတွေလည်း ရှိနေတာဖြစ်ပါတယ်။

“ပေါ်တာဆွဲတွေက ပျူရွာတွေကြောင့်ပါ။ လောလောဆယ်တော့ ပိုက်ဆံနဲ့ ရွေးခိုင်းနေပါတယ်။” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စက်တင်ဘာလ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ သဘွတ်ကုန်း၊ ညောင်သွယ်၊ တင်ငုတ်ကြီးနဲ့ အုတ်ဖိုရွာတွေက အမျိုးသားအယောက် ၃၀နီးပါးကို ပျူစောထီးအဖွဲ့ဝင်တွေက အင်အားသုံး အတင်းအဓမ္မဖမ်းဆီးကာ ထန်းကုန်းရွာဘက် ခေါ်ဆောင်သွားခဲ့ပြီး စစ်မှုထမ်းအစားထိုးငွေအဖြစ် ငွေကျပ် ၂၅သိန်းကနေ သိန်း ၃၀အထိ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ သဘွတ်ကုန်းကျေးရွာက အမျိုးသား ၁၀ ယောက်လည်း ပါဝင်ခဲ့ပါတယ်။

ကန့်ဘလူဒေသခံတွေကတော့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဦးဆောင်တဲ့ ပေါ်တာဆွဲဖမ်းဆီးမှုဟာ စစ်တပ်အင်အားအတွက် မဟုတ်ဘဲ သူတို့ စိတ်ကြိုက် ငွေကြေးညှစ်ယူလို့ရနိုင်မယ့် အစားထိုးစျေးကွက်အတွက် ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

ကန့်ဘလူနည်းတူ အခြားတိုင်းနဲ့ ပြည်နယ်အသီးသီးမှာလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားလာသလို ငွေညှစ်တောင်းခံတဲ့ စျေးကွက်တွေကို အာဏာပိုင်ဆိုသူတွေက ဦးဆောင် လုပ်ကိုင်နေတာကြောင့် စစ်တပ်ထောက်ခံသူတွေကပါ ဝေဖန်ပြောဆိုလာကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာပမြို့နယ်က စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ)…
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပုလောတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိ ၁ ဦးအပါ ၆ ဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့  KNDO Drone Forces က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စဉ့်ကူးတွင် စစ်ကောင်စီ တစ်ရက်အတွင်း ၅ ကြိမ် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၁ယောက် သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေပြတ်လပ်မှုကြောင့် ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသူတွေ အရေပြားရောဂါခံစားနေရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။