ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၆ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့‌၊ မြောက်ကုန်းရပ်ကွက်ကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် နေအိမ် (၅) လုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၄)ရက်ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ကျောက်မဲမြို့နယ်၊ ပန်သပြေကျေးရွာနဲ့ ပန်ကွမ်ကျေးရွာကို လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးအပြင် ရော့ကတ်ဗုံးနဲ့ပါ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်းနဲ့ စေတီပုထိုးတွေ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့် နွံကန်ပြိုကျမှုကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးသူ ၃၂ ယောက်အထိ ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူစီမံကိန်းအနာဂတ် အာရက္ခတပ်တော် AA ၏ လက်ထဲတွင် ရှိနေပြီဟု ဆို

ကျောက်ဖြူစီမံကိန်းရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် AA ရဲ့ လက်ထဲမှာ ရှိနေပြီလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ဒဂုံတက္ကသိုလ်ကျောင်းသား ခင်မောင်ဌေး (ခ) ကျန်ကျောင်းကို စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်ဆိုပြီး မတရားဖမ်းဆီး

ဒဂုံတက္ကသိုလ်၊ ဇီဝဓာတုဗေဒအထူးပြု စတုတ္ထနှစ် ကျောင်းသား ခင်မောင်ဌေး (ခ) ကျန်ကျောင်း (အသက် ၂၅ နှစ်) ကို စက်တင်ဘာလ ၂၆ ရက်မှာ Anonymous Force အဖွဲ့ဝင်လို့စွပ်စွဲပြီး မတရားဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ထားကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။