မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှာ ပြီးခဲ့တဲ့ ဩဂုတ်လက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဟောပြောပွဲကို မြို့နယ်လူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာပအဖ တာဝန်ခံတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ အခြေခံလူ့အခွင့်အရေးအကြောင်းအရာတွေနဲ့ လူ့အခွင့်အရေးကြေညာစာတမ်းထဲမှာပါဝင်တဲ့အချက်တွေကို အသိပညာပေးဟောပြောခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်း အန္တရာယ်နဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း ရှင်းပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ အဆိုပါ ဟောပြောပွဲကို‌ ကျေးရွာဒေသခံ ၁၁၁ ယောက် တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးမှာတော့ အခြေခံလူ့အခွင့်အရေးအကြောင်းအရာတွေကို ပိုမိုနားလည်လာကြောင်း မှတ်ချက်ပြုခဲ့သလို အမျိုးသမီးတွေအကြမ်းဖက်ခံရတာတွေနဲ့ လူသားချင်းစာနာမှုတွေအကြောင်းကို ထပ်ပြီး အသိပညာပေးဟောပြောမှုတွေလုပ်ဖို့ ဒေသခံတွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကာကွယ်ရေးတပ်သားများ စစ်ဆေးရေးပြုလုပ်နေသည့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးအပါ ၂ ဦး သေဆုံး

မကွေးတိုင်း နတ်မောက် - ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။
Read More

KNDF ဗျူဟာ (၇) ၊ တပ်ရင်းအမှတ် (၂၈) ရဲ့ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးတိုင်ပင်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ ဗျူဟာအမှတ် (၇) ၊ တပ်ရင်းအမှတ် (၂၈) က တပ်ဗိုလ် တပ်မှူးတွေနဲ့ ရဲဘော်ရဲမေတွေ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ပုလောမြို့မရဲစခန်းကို PDF များ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်နှင့် ရဲတပ်သား သေဆုံးပြီး ရဲ ၆ ဦးခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။