စစ်ကိုင်းတိုင်း ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတင်ဖို့အတွက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group အဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက် နေ့လယ်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၂ စီးနဲ့ တွဲ တွန်းရေယာဉ် ၈ စီးကို ရှေ့ထွက်မိုင်း ၅ လုံးပွိုင့် ၂ ပွိုင့်နဲ့ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သင်္ဘောပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ChindwinFighterGroup(CFG) နဲ့ Brave Heart Army-(B.H.A)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ အချင်းချင်းကူညီ‌‌ဖေးမကြရန်နဲ့ တစ်ဦးနှင့် တစ်ဦးထေ့ငေါ့ပြောဆိုချင်းများ မပြုလုပ်ကြပဲ အချင်းချင်းညီညွတ်စွာဖြင့် အာဏာရူးစစ်အုပ်စုကိုအတူတကွတိုက်ထုတ်မှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဖော်ဆောင်နိုင်မှာပဲဖြစ်တယ်လို့ Chindwin Fighter Group မှ ထုတ်ပြန်ထားပါတယ်။

Video-Chindwin Fighter Group

0 Shares:
You May Also Like
Read More

နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ရန်ကုန်မြို့ စက်မှုဇုန်များတွင် အကြမ်းဖက်စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရေး သတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။
Read More

တရုတ်နိုင်ငံမှာ သမိုင်းဝင် မင်နန်းဆက် နန်းဆောင်မျှော်စင် အမိုးပြိုကျ (ရုပ်/သံ)

တရုတ်နိုင်ငံ အန်ဟွီပြည်နယ်မှာ မေလ ၁၉ ရက်က သမိုင်းဝင် မင်နန်းဆက် နန်း‌ဆောင်မျှော်စင် အမိုးပြိုကျမှုဖြစ်ပွားခဲ့တဲ့အတွက် လာရောက်လေ့လာတဲ့ ခရီးသွားတွေ အထိတ်တလန့် ထွက်ပြေးခဲ့ရပါတယ်။
Read More

ဘုတလင်မြို့နယ် စစ်တပ်အခြေစိုက်စခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force - YRF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

သရက်ချောင်းမြို့သို့ စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်းသို့ စက်လှေနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ်က သတင်းထုတ်ပြန်ထားပါတယ်။