ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်တောင်း၊ ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။

ယနေ့စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ဖားကန့်သွားလမ်းပေါ်က မှော်တောင်း၊ ဆန်းကြွယ်ရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် KIA ပူးပေါင်းတပ်တွေက ခုခံတိုက် ခိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဆန်းကြွယ်ရွာ မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော် ၁ ပါး၊ ကလေးငယ် ၁ ယောက် အပါအဝင် ၅ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေး လွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ-၉၄ ကိုယ်ပိုင်အမှတ်- တ/၄၁၄၉၁ တပ်ကြပ်- ခင်မြင့်၏ ပြောကြားချက် (ရုပ်/သံ)

''တပ်ထဲရောက်မယ့် ရဲဘော်တွေကို ပြန်ပြီး မောင်းထုတ်ချင်ပါတယ်.. မဝင်ဖို့အတွက်ကို။ ကိုယ့်တူ ကိုယ်သားအရွယ်သာဆိုလိုရှိရင် တစ်ခါတည်းမောင်းထုတ်ပြီးတော့ သတ်ပစ်လိုက်ချင်တယ်။ ကိုယ့် ကိုယ်တိုင်လည်း ဒီမှာ ကြုံတွေ့နေရတဲ့အတွက်ကြောင့်မလို့ သူတို့လည်း ဒုက္ခမပေးချင်ဘူး။ ကိုယ်တောင်မှာ ဒုက္ခခံစားလို့ ဝဋ်ကြွေးမကုန်သေးသ၍ ဝဋ်ကြွေးမကုန်သေးလို့ ဝဋ်ခံနေရတာ"
Read More

ပုလဲမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်စဉ်က တိုက်ပွဲမှတ်တမ်းကို ထုတ်ပြန်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Southern YSO PDF က ထုတ်ပြန်လာပါတယ်။
Read More

သာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း‌ဟောင်းမှာ ဒီဇင်ဘာ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေ အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ်ရှားမှု မှတ်တမ်းရုပ်သံ

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေရဲ့ ၂၀၂၂ခုနှစ်မှ၂၀၂၄ ခုနှစ်အတွင်း လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝစေဖို့ စစ်ရေး၊ နိုင်ငံရေး အသိပညာတိုးပွားကျယ်ပြန့်စေရန် ရည်ရွယ်ပြီး အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ် ရှားမှု မှတ်တမ်းရုပ်သံကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှတ်တမ်း (ရုပ်/သံ) 

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA နဲ့ အင်းလေး PDF တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Battalion 1009:Inle People's Defence Force-IPDF က ထုတ်ပြန်ထားပါတယ်။