မြန်မာနိုင်ငံဟာ လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ဘူးလို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆.၇ သန်းဟာ ဝမ်းရေး မဖူလုံမှုကို ရင်ဆိုင်နေရပြီဆိုတာကို ပြသနေပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပမာဏ ၁၃.၃ သန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးမြင့်လာတာဖြစ်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ဆိုပါတယ်။

အဆိုပါ အချက်အလက်ကို စက်တင်ဘာလ ၅ ရက် မနေ့က ထုတ်ပြန်တဲ့ တောင်ကိုရီးယားသမ္မတနိုင်ငံနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်းလုပ်ဆောင်မယ့် “REACH” လို့ အမည်ရတဲ့ အရေးပေါ် အကူအညီပေး‌ရေး လုပ်ငန်းအစီအစဥ်ကို စတင်ကြောင်း ကြောငြာချက်မှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ Hunger Hotspots Report အရ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ လူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာတယ်လို့ သိရပါတယ်။

ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတဲ့ လူဦးရေ ၁၆.၇ သန်းထဲမှာမှ လူဦးရေ ၂.၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ WFP က ဖော်ပြလာပါတယ်။
ဒါ့အပြင် အခြေခံစားနပ်ရိက္ခာရဲ့ ပျမ်းမျှကုန်စျေးနှုန်းဟာ ၂၀၂၁ ခုနှစ်အစောပိုင်းကာလနဲ့ နှိုင်းယှဥ်ကြည့်ရင် လေးဆအထိ တိုးမြင့်လာခဲ့ပြီလို့ WFP က ဆိုပါတယ်။

ဒါကြောင့် “REACH” အစီအစဉ်အရ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက လူဦးရေ သုံးသိန်း ဝန်းကျင်ကို ၂ လစာ စားနပ်ရိက္ခာ ဒါမှမဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့ မိုဘိုင်းလ်ပိုက်ဆံ၊ ငွေသားတွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါ အထောက်အပံ့တွေကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) နဲ့ လက်တွဲပြီး အကူအညီလိုအပ်နေသူတွေဆီ တိုက်ရိုက်ပေးအပ်သွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ခလရ ၂၉၉ တပ်ရင်းက တပ်သား၂ ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ်ဦး အလင်းဝင်ရောက်

မွန်ပြည်နယ်၊ရေးမြို့နယ် ကိုးမိုင်ကျေးရွာ အခြေစိုက် အကြမ်ဖက်စစ်တပ်  ခလရ၂၉၉ တပ်ရင်းက တပ်သားနှစ် ယောက် နဲ့ စကခ (၁၉) မွမ်းမံသင်တန်းက တပ်သားတစ် ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီက သိရပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အာဏာသိမ်းမှု ၄ နှစ်အတွင်း မြို့နယ်ပေါင်း ၂၀၃ ခုမှာ ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု အကြိမ် ၄၆၀ အထိ ဖြစ်ပွားခဲ့

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းက  မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။