ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်မှာ ဆိပ်ကြီးကနေ ၈၁ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ငထွေစုတ်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၆၂)နှစ်အရွယ် အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂ ရက်မှာလည်း စစ်အုပ်စုက နတ်သံကွင်းကနေ ၁၂၀ မမ လက်နက်ကြီး (၆)လုံး ဆက်တိုက် ပစ်ခတ်ခဲ့တာရာ ရေလဲအရှေ့ဘက်ကမ်းကျေးရွာနဲ့ အနောက်ဘက်ကမ်းကျေးရွာတွေရဲ့ ပတ်ဝန်းကျင်နဲ့ လမ်းတွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေလဲအရှေ့ဘက်ကမ်း ကျေးရွာကနေ အသက် (၃၇)နှစ်အရွယ် ပြည်သူတစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး (၁) ယောက် ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် လယ်ကွင်းထဲရှိ နွား (၁)ကောင် ထိမှန် သေဆုံးခဲ့ပြီး (၁)ကောင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က နေ့စဥ်လိုလို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ပစ်ခတ်မှုတွေကို လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေနဲ့ အိုးအိမ်ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီး ဆုံးရှုံးနေရတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား (၅) ယောက်သေပြီး လက်နက်ခဲယမ်းတွေ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး -KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခုထက်မနည်း စစ်ကောင်စီက ကျူးလွန်ခဲ့

ကရင်နီပြည်နယ်တဝန်းမှာ စစ်ကောင်စီက  ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု (၁၀၈) ခု ထက်မနည်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်းတွေကို ကျွေးမွေးလှူဒါန်းမှု (ဓာတ်ပုံသတင်း)

အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်က ရက်ရှည်စစ်ရှောင်စခန်း နေရာ ၃ ခုကို ၃၇၅ နပ်မြောက် လှူဒါန်းမှုအနေနဲ့ မွေးနေ့ရှင်၊ အလှူရှင်တွေကိုယ်စား ကျွေးမွေးလှူဒါန်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့ပေါ်ရှိ စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲအတွက် မဲရုံများမဖွင့်လှစ်နိုင်

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ပေါ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း (၃)  ကျင်းပ ပြုလုပ်ပေမယ့် မဲထည့်သူမရှိသလောက် နည်းပါးခဲ့တယ်လို့  နယ်မြေခံတွေဆီက သိရပါတယ်။