မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က သေဆုံးမှုများခဲ့သလို စစ်တပ်ဆီက လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သား ရုပ်အလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ စကခ (၁၇) လက်အောက်ခံ ခမရ (၅၇၄) နဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ-ဆလအခွဲ (၉၄၄) က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ စစ်ကြောင်းဟာ စက်တင်ဘာလ (၄) ရက် နေ့လယ်ပိုင်းက ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဖက် မီတာ (၂၈၀၀) ခန့်အကွာအဝေးမှာ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA က ဆိုပါတယ်။

အပြန်အလှန်တိုက်ခိုက်မှုအပြီး စစ်တပ်စစ်ကြောင်းဟာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ အလောင်းတွေနဲ့ ကျောပိုးအိတ်အများအပြားကို ထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်တွေ တပ်လန်ကာ ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စကခ (၁၇) အပြင် စကခ (၁၄) က တပ်ရင်းတွေမှာ စစ်မှုမထမ်းမနေရ ဥပဒေအောက် ပုံစံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး စစ်သင်တန်းဆင်းလာတဲ့ စစ်သားသစ်တွေနဲ့ စုဖွဲ့ထားတဲ့ တပ်ရင်းတွေကို အသုံးပြုကာ ပဲခူးတိုင်းနဲ့ အာရက္ခဒေသထိစပ်နေတဲ့ နေရာတွေမှာ အင်အား (၁၅၀၀) ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်တွေ ဆက်တိုက်ပြုလုပ်လာတာကြောင့် ပဲခူး-ရက္ခိုင်အစပ် နေရာအချို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း AA က ဆိုပါတယ်။

မကွေးတိုင်းအတွင်း စစ်ဆင်ရေးလုပ်နေခဲ့တဲ့ တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေ တပ်အပြောင်းအလဲလုပ်ဖို့ တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) မှာ မိခင်တပ်ရင်းထံ တပ်နားဖို့ ရောက်ရှိနေတာကိုလည်း အမ်း-ပဒါန်း စစ်ဆင်ရေးမှာ အောင်မြင်မှုရခဲ့တဲ့ ပုံစံမျိုးနဲ့ ရှေ့တန်းပြန်အခမ်းအနားတွေ ပြုလုပ်နေပြီး စစ်အုပ်စုဟာ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ AA က ထုတ်ပြန်ပါတယ်။

အဆိုပါအမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့က အသက် (၄၆) နှစ်အရွယ်ရှိ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးကိုလည်း ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ယောက်နဲ့အတူ မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၄) ရက်၊ ညပိုင်းက လက်ရဖမ်းဆီးရမိခဲ့တယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ရှမ်းမြောက်ဒေသအတွင်း လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး တန်ပြန်ထိုးစစ်တွေအပါအဝင် မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ အသာစီးရ၊ အောင်ပွဲရနေတယ်လို့ စိတ်ကြီး ဘဝင်မြင့်ပြီး ယုံကြည်မှုလွန်ကဲနေတဲ့ အနိုင်ရတပ်ဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ တပ်ရင်း၊ စစ်ကြောင်းတွေကိုလည်း အာရက္ခတပ်တော်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ စစ်မြေပြင်နေရာတွေဆီ ရွှေ့ပြောင်း ထိုးစစ်ဆင် တိုက်ခိုက်လာတာတွေ ရှိတယ်လို့ AA က ဆိုပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းတွေဟာ အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်အောက်မှာ သတ္တိ၊ နည်းဗျူဟာအရ မယှဉ်သာနိုင်သလို မြေပြင်ထိုးစစ်တိုင်းမှာလည်း အလူးအလဲခံရကာ ခွေးပြေးဝက်ပြေး ထွက်ပြေးနေရပြီး မရှုမလှ ပိုင်ရှင်မဲ့အလောင်းတွေကိုပါ ချန်ထားခဲ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။

ဖက်ဆစ်အကြမ်းဖက်စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ လက်ရှိရင်ဆိုင်ထားတဲ့ နေရာတွေထဲက ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ဆင်လမ်ကျေးရွာအနောက်ဘက် (၂) ကီလိုမီတာနဲ့ (၁.၇) ကီလိုမီတာ အကွာအဝေးနေရာ၊ ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ညောင်ကျိုးကျေးရွာရဲ့ အရှေ့ မြောက်ဘက် (၂.၅) ကီလိုမီတာအကွာအဝေး တောင်ကြော၊ ဧရာဝတီတိုင်း-ရက္ခိုင်အစပ် စက်စက်ယိုရွာ ပတ်ဝန်းကျင်တွေမှာ စစ်အုပ်စုက နေ့တိုင်း ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲနဲ့ ဆက်စပ်နေတဲ့ အခြားနေရာတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ နိုင်ငံအနှံ့အပြားရှိ စိတ်ဓာတ်ပျက်ပြားကာ တိုက်ခိုက်လိုစိတ်မရှိဘဲ တပ်ပြေးချင်စိတ်သာ ထက်သန်နေတဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေနဲ့ အတင်းအဓမ္မစုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို စိတ်ဓာတ်မြှင့်တင်ရေးအတွက် အားသာချက်ဖြစ်တဲ့ လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းတွေနဲ့ စစ်အင်အားအများအပြား စုပြုံသုံးတဲ့ ဗျူဟာကို ၂၀၂၅ ခုနှစ်၊ မတ်လဆန်းကစလို့ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ရက်လည်ဆွမ်းကပ်တရားနာ ပြုလုပ်…

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးစထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် အညာသားရဲ့ ရက်လည်ဆွမ်းကပ်တရားနာကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရိက္ခာဖြတ်တောက်ခံထားရသည့်အတွက် ရိက္ခာထွက်ရှာသည့် ပျူထောက်ခံသူ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တပ်ကုန်းရွာရှိ ပျူစောထီးတွေ ရိက္ခာဖြတ်တောက်ခံထားရတဲ့အတွက် ပျူထောက်ခံသူတစ်ယောက် ရိက္ခာရှာထွက်လာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။