အကြမ်းဖက်စစ်အုပ်စုက အာဏာတည်မြဲရေး သက်တမ်းတိုးလေလေ ပြည်သူလူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်လေလေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းငလျင်ကြီး ဘေးဒဏ်ခံရချိန်တောင်မရှောင်ဘဲ အစုလိုအပြုံလိုက် သတ်ဖြတ်မှု ၁၀၅ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၀၈၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တရားမဝင်အာဏာတည်မြဲရေးအတွက် ၇ ကြိမ်မြောက်သက်တမ်းထပ်တိုးလိုက်တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံမှာ အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်အပြီးကာလနဲ့ မတ်လ၊ ဧပြီလတွေမှာ အကြမ်းဖက်စစ်အုပ်စုက လူထုအပေါ် အစုလိုက်အပြုံလိုက် ကျူးလွန်သတ်ဖြတ်မှုတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ NUG က ဆိုပါတယ်။

အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဧပြီလအတွင်းမှာလည်း စစ်အုပ်စုက နိုင်ငံတဝန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၅ မှု ကို ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူပေါင်း ၁၄၅ ယောက်အထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အဲ့ဒီအချိန်ကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၉ မှုကို ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူပေါင်း ၁၀၆ ယောက်အထိ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တဲ့လမ်းညွှန်မှုတွေ ပြုလုပ်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင် (SSPC) ကို ပြောင်းလဲဖွဲ့စည်းကာ အကြမ်းဖက်စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကြိုးစားပြင်ဆင်နေတဲ့ ကာလအပိုင်းအခြားဖြစ်တဲ့ သြဂုတ်လမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ရပ် ၂၂ ခုအထိကျူးလွန်ခဲ့ပြီး အပြစ်မဲ့သေဆုံးရတဲ့ ပြည်သူ ၂၂၅ ယောက် အထိ ရှိခဲ့တာဖြစ်ပါတယ်။

တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လူထုအပေါ် ဘက်ပေါင်းစုံကနေ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက် သက်တမ်းတိုးမှုတွေ လုပ်ဆောင်ပြီးတိုင်း လူထုအပေါ်ပြင်းထန်ရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှူများ ရှိခဲ့၊ ဒုတပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်များလည်း သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ရာ စစ်ကောင်စီ ဒုတပ်ကြပ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး စစ်လက်နက် ပစ္စည်းများစွာကိုလည်း ရရှိခဲ့ကြောင်း 9/A Nyar Myae Operation က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ချောက်မြို့နယ်မှာ ပေါ်တာဆွဲနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးထက်မနည်းသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရဟု ဆို

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းက စစ်ကောင်စီ လက်အောက်ခံရဲကင်း တိုက်ခိုက်ခံရ၊ ရဲနဲ့ပျူစောထီးအများအပြားသေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ရဲကင်းကို PDFများကတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ်  ကော်ဘရာစစ်ကြောင်းအဖွဲ့ခေါင်းဆောင် ဗိုလ်ဒါဘောနဲ့အဖွဲ့အား သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ကရင်ပြည်နယ်က စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။