ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးရဲ့ စစ်ဥပဒေချုပ် ရဲဘော်ထွဋ်ခေါင်နဲ့ ရန်ကုန်တိုင်းပကဖ တာဝန်ခံ ရဲဘော်နောင်ရိုးတို့က ပကဖရဲဘော်တွေကို သင်တန်းအဖွင့် မိတ်ဆက်စကားပြောကြား‌ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်း ပကဖ ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ၊ ခရိုင်တွေက ဦးစီးတာဝန်ခံတွေ၊ ရေးရာတာဝန်ခံတွေ၊ တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေ တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာတော့ လက်ထောက်စစ်ဥပဒေချုပ် ဆရာဦးမောင်မောင်က စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်ဘက်ဆိုင်ရာဥပဒေတွေကို ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသားရဲ‌ဘော်တွေ သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးခြင်း၊ အမှုဖြစ်စဥ်တွေနဲ့ ဥပဒေကျင့်ဝတ်သဘောတရားတွေ ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ပကဖ ရဲဘော်တွေကို စွမ်းရည်မြှင့်သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေနဲ့ အမြဲမပြတ် လေ့ကျင့်ပြင်ဆင် စုဖွဲ့‌လေ့ကျင့်ပေးနေတယ်လို့ ရန်ကုန်တိုင်းပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် လူ ၇၀၀ ကျော် စစ်မှုထမ်းစာရင်းထွက်လာပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်ပြန်တော်လှန်ဖို့ တော်လှန်ရေးအဖွဲ့တွေ တိုက်တွန်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ လူအယောက် ၇၀၀ ကျော် စစ်မှုထမ်းစာရင်း ထွက်ပေါ်လာပြီးတဲ့နောက် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ခေါင်းငုံ့ခံမနေဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံး ပူးပေါင်းကြဖို့ ညောင်ဦးအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမြို့နယ်မှာ စစ်ကောင်စီက တစ်ညတည်း အကြောင်းမဲ့ လေကြောင်းမှ ၃ ကြိမ် တိုက်ခိုက်၊ အရပ်သား ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တစ်ညတည်းမှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။