ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဝင်ရောက်ပစ်ခတ်ရာ ၂ ယောက် သေဆုံးပြီး သေနတ်၂ လက်နဲ့ ခဲယမ်းတချို့ ရရှိခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၅ ရက် ဒီနေ့မနက်အစောပိုင်းမှာ ခရီးသွားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ အထက်ပါ အကြမ်းဖက်စစ်အုပ်စုဂိတ်ကို Fire Dagon PDFတပ်ဖွဲ့ဝင်တွေက ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“အထိုင်ချစခန်းတော့ မဟုတ်ဘူးဗျ။ သူတို့က အဲ့မှာ ဂိတ်လုပ်ပြီး ကားတွေကို လိုင်စင်ဖမ်းတယ်။ ငွေညှစ်တယ်။ တပ်သားသစ် စုဆောင်းတယ်ပေါ့။ အင်အားကတော့မှန်းရခက်တယ်ဗျ။ အထိုင်ချမဟုတ်ဘဲ လမ်းမှာ ဆက်ကြေးကောက်တဲ့ဂိတ် ဖြစ်နေလို့လေ”လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

Fire Dragon PDF တပ်ဖွဲ့ဝင်များ

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၂ ယောက် နေရာမှာတင် သေဆုံးပြီး ကျည် ၁၈၀ တောင့် အပါအဝင် MA1 သေနတ် ၁ လက်၊ MA2 ၁ လက်၊ ကျည်ဘောက် ၅ ခုနဲ့ အီနာဂါ ၂ လုံးကို PDF တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Fire Dragon နဲ့ Fire Dragon ကွန်မန်ဒို PDF တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မစ်ရှင်အပြီး PDF တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ ကနေ လက်နက်ကြီး ၁၂၀ မမနဲ့ ၄ ချက် ပစ်ခတ်ခဲ့သေးကြောင်း Fire Dragon PDF တာဝန်ရှိသူက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့ကလည်း အထက်ပါ ညောင်လေးပင် – မဒေါက် – ရွှေကျင်လမ်းပိုင်း၊ တာပြတ်ဂိတ်စခန်းနား ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေကို Fire Dragon PDF က စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် တစ်ယောက် ​သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် လက်နက်များ
စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

ကမ္မရဲစခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ

"ကမ္မမြို့ပေါ်ရဲစခန်းကနေ ပစ်တာ၊ ရပ်ကွက်ထဲကအိမ်ကိုကျတာ၊ သေဆုံးသွားတဲ့သူတွေက လင်မယား ၂ ယောက်လို့သိရတယ်၊ သေတဲ့သူက အမျိုးသား… ဒဏ်ရာရသူက သူ့ရဲ့ဇနီးလို့သိရတယ်၊ သူ့မိန်းမလည်း ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်" လို့ ကမ္မဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ် ။
Read More

တပ်ပျက် စစ်ကြောင်း ကျန်ရစ်ခဲ့သည့် အလောင်းများကို စစ်တပ် လာမကောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ရှာဖွေသင်္ဂြိုဟ်ပေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ တိုက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က လာမကောက်တာကြောင့် တော်လှန်ရေးတပ်တွေကပဲ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိန်းကလေးငယ် ထပ်မံ ခွဲစိတ်ဖို့ အကူအညီလိုအပ်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထပ်မံ ခွဲစိတ်မှု ပြုလုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

စလင်း ပကဖ နဲ့ ပအဖ ကြား သဘောထားကွဲလွဲနေတဲ့ ဦးစံ သေဒဏ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တဲ့ တရားခံ ဦးစံကို သေဒဏ်ချမှတ်ခဲ့မှုအတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အကြား သဘောထားကွဲလွဲမှုတချို့  ရှိနေပါတယ်။