မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၃ ရက်က မြင်းခြံမြို့မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးဟာ တောင်သာမြို့နယ်အတွင်းရှိ ကန်ရွာဘူတာ၊ ဘိန်းနွယ်ကုန်းနဲ့ တစ်မိုက်သာရွာတွေကို စစ်ကြောင်းထိုးလာတဲ့အ တွက် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – MDA 3 Info Page

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

Cover ကမ်ပိန်း လှူဒါန်းငွေတွေနဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြား ဝယ်ယူပြီး ကရင်နီရဲဘော်တွေကို တင်ဆင်ပေး (ရုပ်/သံ)

Cover ကမ်ပိန်းကနေ ရရှိလာတဲ့ လှူဒါန်းငွေတွေနဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားတွေ ဝယ်ယူပြီး ကရင်နီရဲဘော် ၄၀ ကျော်အတွက် တင်ဆင်ပေးနိုင်ခဲ့တယ်လို့ Karenni Democratic Front ထံက သိရပါတယ်။
Read More

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ အက်ဆစ်တင်လာသည့် ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်၊ ယာဉ် ၅ စီး ပျက်စီးပြီး စစ်ကောင်စီလက်အောက်ခံ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

ရန်ကုန်မြို့ ဆိပ်ကမ်းကနေ ဆာလ်ဖျူရစ်အက်ဆစ်သယ်လာတဲ့ တွဲကား ၂၈ စီးနဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ တွဲကား ၁၈ စီး၊ ဂျန်ဘာယာဉ် ၅ စီးတို့ကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ လုံခြုံရေးစစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-ပြည်လမ်းပေါ်မှာ မတ်လ ၂၇ ရက်က ပြည်သူ့ကာကွယ်ရေး ဗျူဟာ (၂၂) ရဲဘော်တွေ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကုက္ကိုကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကုက္ကိုစုနှင့် အုပ်ကျင်းရွာကို စစ်ကောင်စီတပ် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုနဲ့ အုပ်ကျင်းရွာကို မတ်လ ၆ ရက်ညပိုင်မှာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။