ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာ နှောင့်နှေးမှုကြောင့် စင်ကာပူကို သွားဖို့ စီစဉ်ထားပေမယ့် ပုဂ္ဂလိကလေယာဉ် ဆင်းသက်ရာ စင်ကာပူရှိ ဆီလီတာလေဆိပ် ပိတ်သွားတာကြောင့် ဒူဘိုင်းကို ခရီးစဥ်ပြောင်းလဲခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သက်ဆင်ရဲ့ လေယာဉ် ဒွန်မောင်းကနေ မထွက်ခွာခင်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လေဆိပ်အရာရှိတွေက လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေ မှန်၊ မမှန် သေချာစစ်ဆေးခဲ့ရာ ၂ နာရီခန့် ကြာမြင့်ခဲ့တာကြောင့် အခုလို ခရီးစဥ် ပြောင်းလဲခဲ့ရတယ်လို့ ဆိုပါတယ်။

ထောင်ကျခဲ့တဲ့ကာလကို ထိုင်းရဲတပ်ဖွဲ့ ဆေးရုံရဲ့ အထူးသီးသန့်လူနာခန်းထဲမှာပဲ ၆ လကြာနေထိုင်ခဲ့ပြီးနောက် တရားရုံး ကြားနာမှု ပြုလုပ်မယ့် စက်တင်ဘာ ၉ ရက် မတိုင်ခင် သက်ဆင်က စက်တင်ဘာ ၄ ရက်မှာ စင်ကာပူကို သွားရောက်ဆေးစစ်မှုခံယူမယ်ဆိုပြီး ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ခွာသွားတာဖြစ်ပါတယ်။

ဒါပေမယ့် လေယာဉ်ပျံသန်းမှု စောင့်ကြည့်စနစ်တွေအရ သက်ဆင်ရဲ့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး အိန္ဒိယနိုင်ငံဖက်ကို ဦးတည်ကာ ဒူဘိုင်းထိ ခရီးဆက်သွားတယ်လို့ ယုံကြည်ရကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ယုံကြည်ရကြောင်း ထိုင်းသတင်းဌာနတွေက သတင်းတွေ ဖော်ပြခဲ့ပါသေးတယ်။

စက်တင်ဘာလ ၈ ရက်မတိုင်မီ ထိုင်းနိုင်ငံကို ပြန်လာပြီး စက်တင်ဘာလ ၉ ရက်မှာပြုလုပ်မယ့် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၃ ခုနှစ် အစောပိုင်းအထိ ထောင်ထဲမှာ ရှိရမယ့်အစား ရဲအထွေထွေဆေးရုံမှာ ကြာရှည်စွာ နေထိုင်ခဲ့မှုဆိုင်ရာ အမှုနဲ့ပတ်သက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို နားထောင်ဖို့ အမြင့်ဆုံးတရားရုံးကို သွားရောက်မယ်လို့ သက်ဆင်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်မည်ဟု ဆို

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာက ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုပဲလို့ ထိုင်းလွှတ်တော်အမတ်ဝေဖန်

ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဉ်တွေရောင်းနေတဲ့ AVIC နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Airbus ကို ရပ်တန့်စေဖို့ ဥရောပနိုင်ငံတချို့ အကျိုးအမြတ်တွေကြောင့် မျက်ကွယ်ပြုနေ

ဥရောပနိုင်ငံကြီး (၃) နိုင်ငံက ရှယ်ယာပါဝင်ထားတဲ့ Airbus ရဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ပိုင် AVIC  လုပ်ငန်းစုနဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမှုကို အကြိမ်ကြိမ် ကန့်ကွက်နေတဲ့ကြားထဲက လုပ်ဆောင်နေမှုဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့  Justice For Myanmar နဲ့ Info Birmanie တို့ကပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာမှာ ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်သွားပြီ

မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) ကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၁ ယောက်ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။