ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်ကွမ်ကျေးရွာနဲ့ ပန်သပြေကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta’ang Women’s Organization က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲခန့်မှာ အကြမ်းဖက်စစ်တပ်က ပန်ကွမ်အုပ်စု ပန်ကွမ်းကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၂ နာရီခွဲဝန်းကျင်ခန့်မှာ ပန်သပြေကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ပန်ကွမ်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အသက် (၁၄)နှစ်အရွယ် ကိုရင် တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပန်သပြေကျေးရွာက ဒေသခံ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးကြီးလည်း ဝမ်းဗိုက်နဲ့ ကျောကုန်းတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး၊ စာသင်ကျောင်းနဲ့ စေတီ ၁ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – Ta’ang Women’s Organization

0 Shares:
You May Also Like
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။
Read More

YE-U Freedom Comrades မှ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းလွှတ်တင်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ Fixed Wings ဒရုန်းလွှတ်တင်စဉ် မတော်ဆမှုဖြစ်ပွားကာ ပေါက်ကွဲခဲ့တဲ့ ရုပ်သံကို YE-U Freedom Comrades မှ ထုတ်ပြန်ထားပါတယ်။
Read More

လွိုင်ကော်မြို့အနီးတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းများ

''အိမ် ၂ လုံး ၃ လုံး မီးရှို့တာ မြင်ဖူးပါတယ်။ လူကြီးတွေက ကြီးကြပ်တဲ့ သူတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းမလွတ်တဲ့ အိမ်တွေဆို ရှို့ရတယ်။ အဝတ်အစားတွေ့တဲ့ အိမ်တွေ‌ဆို ရှို့ရတယ်။ ဒီလိုမျိုးလုပ်ခဲ့မိတာတွေ ခွင့်လွတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။အကြောင်းကြောင်းကြောင့် လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိရဲ့ စကားကို လွန်ဆန်လို့မရလို့ လုပ်ခဲ့ရတာ ''
Read More

ရေစကြိုမြို့နယ် မင်းရွာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၄ ရက်က Fixedwing ဒရုန်း ၄ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး Southern Eagle PDF သင်တန်းသားအသစ်များ ခေါ်ယူ (ရုပ်/သံ)

NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ Southern Eagle PDF ဟာ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ သင်တန်းသား အယောက် ၁၀၀ ခေါ်ယူထားတယ်လို့ သိရပါတယ်။
Read More

ရေးပြောက်ကျားတပ်မှ မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း (၂) ရေးပြောက်ကျားတပ် (YGF) က ဒေါနစစ်ကြောင်း(၃)၊ ဒေါနတပ်ခွဲ (၄) KBDF၊ ဒေါနတပ်ခွဲ (၇) LPF၊ NMSP (AD) RMA ၊ MSRF ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဇွန်လ ၂ ရက်မှာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။