၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လအထိ ၈ လတာကာလအတွင်း အကြမ်းဖက်စစ်တပ်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၈ လတာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အခြေအနေတွေကို NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက လအလိုက်စာရင်းတွေနဲ့အတူ ထုတ်ပြန်ထားပြီး မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ်က အပစ်ရပ်ထားတဲ့ ကာလအတွင်း ဧပြီလမှာ ၅၀၈ ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင် အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ NUG)

တတိယအများဆုံး လေကြောင်းတိုက်ခံရတာက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်ပြီး ၄၃၆ ကြိမ် ရှိခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လကတော့ ဒုတိယအများဆုံးအဖြစ် လေကြောင်းတိုက်ခံရမှု ၄၉၃ ကြိမ်အထိ ရှိနေတယ်လို့ NUG က ဆို ပါတယ်။

အကြမ်းဖက် စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ၂ လအတွင်း မန္တလေးတိုင်းရှိ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ကယား(ကရင်နီ) ပြည်နယ်ထဲက ဖားဆောင်းမြို့နယ်တို့မှာ လူအများအပြား သေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG အောက်မှ ခွဲထွက်လာသည့် ဂဠုန်စစ်ကြောင်း MLA ထံ ပူးပေါင်း 

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ထံကို တော်လှန်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဂဠုန်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး အလုံးစုံ ပူးပေါင်းလာခဲ့တယ်လို့ MLA ကမနေ့က ဖေဖော်ဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

မန္တလေးက အခြေအနေဆိုးရွားတဲ့ နေရာများတွင် တရုတ်နှင့် အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များ စတင်နေ

မြန်မာပြည်ကို ရောက်ရှိလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။