တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အောင်ပွဲနေ့စစ်ရေးပြပွဲကို တက်ရောက်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ DNA နမူနာတွေ မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ကိုယ်ရံတော်တွေက ရှင်းလင်းကြပါတယ်။

ကင်မ်ဂျုံအန်းရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ကျန်းမာရေးအချက်အလက်တွေ မပေါက်ကြားစေဖို့ ဂရုတစိုက် လုပ် ဆောင်ကြတာဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိက ပြောပါတယ်။

ကင်မ်ဟာ ဘေဂျင်းမှာ ရောက်နေစဉ်အတွင်း မဟာမိတ်ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ ဆုံဆွေးနွေးပွဲအပြီး သူ့ရဲ့ ကိုယ်ရံတော်တွေက အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ၊ ခုံတွေကို သေသေချာ ချာ ရှင်းလင်းခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ စစ်ရေးပြချီတက်ပွဲအခမ်းအနားကို တက်ရောက်ဖို့ ကင်မ်ဟာ စက်တင်ဘာ ၃ ရက်မှာ ကိုယ်ပိုင်သံချပ်ကာရထားနဲ့ လာရောက်ခဲ့ပြီး ဘေဂျင်းမှာ ရှိနေချိန် အတောအတွင်းမှာလည်း ရေချိုးခန်း၊ အိမ်သာတွေကအစ သီးသန့်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Video – METRO TV

0 Shares:
You May Also Like
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တစ်နေရာမှာ နိုဝင်ဘာ ၂၅ ရက်က အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများအန္တရာယ်ကင်းစေရန် ဖော်ထုတ် ရှင်းလင်းပေး (ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းအရှေ့အနောက်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီရဲ့ ညောင်လေးပင် ပိန်းဇလုတ်အခြေစိုက် စစ်တပ်စခန်းတွေကနေ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ Royal Peacock Column-P 29913 က ဆိုပါတယ်။
Read More

ပြည်သူအတွက် အစွမ်းကုန် ကြိုးစားပေးဆပ်ဖို့ စစ်သင်တန်းဆင်း ရဲဘော်သစ်တွေကို NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် တိုက်တွန်းပြောကြား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အမှတ်တရအမှာစကား ပြောကြားခဲ့တဲ့ရုပ်သံကို  ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၁) က ထုတ်ပြန်လာပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။