ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၈နာရီဝန်းကျင်အချိန်မှာ စစ်တပ်က ဒရုန်းတွေနဲ့ ကျောက်ခက်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု မရှိခဲ့ပေမယ့် ဆေးရုံဟောင်း အဆောက်အဦးတွေကတော့ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ကတော့ ဆေးရုံမဟုတ်ဘဲ စာသင်ကျောင်းကို ကြဲတာလို့ ထင်တာပဲ။ ဆေးရုံဟောင်းနဲ့ စာသင်ကျောင်းက ဖင်ချင်းပေါက်ပဲ။ သူတို့နေရာလွဲသွားပြီး ဆေးရုံဟောင်းပေါ်သွားကျတာ။ အဲ့ဒါကြောင့် လူတွေ မထိသွားတာ၊ စာသင်ကျောင်းပေါ် သွားကျလို့ကတော့ ကလေးတွေ တော်တော်ထိမှာ ကျောင်းတက်ချိန်ကြီးလေ” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ကျောက်ခက်ကျေးရွာဟာ စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ DKBA အဖွဲ့ရဲ့ ထိန်းချုပ်ဧရိယာထဲမှာရှိပြီး အနီးနားကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ရှောင်တွေ စုဝေးနေကြတဲ့ ကျေးရွာလည်းဖြစ်တယ်လို့ သိရပါတယ်။

“ကျောက်ခက်က တကယ်တော့ ရွှေက္ကိုလ်အငယ်စားပဲလေ… ရွာလို့သာ ခေါ်နေကြတာ မြို့ငယ်လေးဖြစ်နေပြီ၊ တိုးတက်နေပြီ၊ ကာစီနိုဝိုင်းတွေရော တရုတ်တွေရော အများကြီးရှိနေတာ၊ အခုက ဘာတွေ ငြိကြလို့ ဗုံးလာကြဲတာလဲတော့ မသိဘူးပေါ့နော်။ လောလောဆယ်တော့ အကုန်လုံး တခြားနေရာ စစ်ရှောင်နေကြပြီ” လို့ ကျောက်ခက်ရွာကနေ စစ်ရှောင်လာသူတစ်ယောက်ကလည်း ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်အစိုးရ မြန်မာ့အရေးမှာ စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ကူညီနေမှုအပေါ် အမေရိကန်မှာ ဆန္ဒပြ

တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ 
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်က မြန်မာ့အရေးမှာ အိမ်နီးချင်းကောင်း မပီသစွာ ကျင့်၀တ်မဲ့ ၀င်ရောက်စွက်ဖက်ခြင်းဖြစ်

မြန်မာ့အရေးမှာ တရုတ်ရဲ့၀င်ရောက်စွက်ဖက်မှုကို တော်လှန်ရေးအင်အားစုတွေက လက်ခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

ပန်းရံကျေးရွာ ပျူစောထီးစခန်းမှ ရွှေဘိုမြို့ပေါ် ရိက္ခာလာထုတ်သည့် ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရပ်စောက်က ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။