မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အမှတ် (၁) စစ်ဒေသကြီး၊ ခရိုင် ပကဖတပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်း Error ဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁ရက်နေ့ ညနေ ၃ နာရီလောက်မှာ ရဲဘော် မောင်မောင်ခန့် (ခ) AK မောင်ကြီးဟာ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းခွဲဖို့ လုပ်ဆောင်နေချိန် မိုင်းကို ကိုင်ထားရင်း ပေါက်ကွဲသွားတာကြောင့် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများစွာနဲ့ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားခဲ့တဲ့ အသက် ၂၀ အရွယ် ရဲဘော် မောင်မောင်ခန့် (ခ) AK မောင်ကြီးရဲ့ ရုပ်အလောင်းကို အဲဒီနေ့ ညနေ ၆နာရီလောက်မှာပဲ သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ အရင်ကလည်း မိုင်း Error ကြောင့် ပေါက်ကွဲတာမျိုး ရှိခဲ့ပေမယ့် အခုလို သေဆုံးတာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကတ်တောက်မိုင်းတွေ ထောင်နေရင်း Error တက်တာ၊ မိုင်းကိုကိုင်ပြီး အသက်သွင်းရတာဆိုတော့ လက်ထဲတင်ကွဲသွားတာ၊ အရင်ကလည်း တစ်ယောက်ဖြစ်ဖူးတယ်၊ အရင်ရဲဘော်ကတော့ ထိခိုက်ဒဏ်ရာရပေါ့ ဗျာ” လို့ ဧရာဒေါင်းတပ်ဖွဲ့ဝင် ကိုရှိန်းက မောင်းကို ပြောပါတယ်။

ဧရာဒေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကလည်း အောင်သာရွာက ပျူစောထီးတွေကို လက်နက်ကြီး (၆၀) မမ ၈ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် (၄) ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာယာဝတီထောင်မှာ နိုင်ကျဉ်း ၂ ယောက်ကို ထောင်အာဏာပိုင်တွေ အကြောင်းမရှိအကြောင်းရှာ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ယောက်ကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မဲ့စွာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်လေးအပါ ၆ ဦး သေ၊ ရဲနှင့် မိသားစုဝင် စုစုပေါင်း ၁၁ ဦး အရှင်ဖမ်းမိကာ သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ လျှပ်တပြက် စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှု ရှိခဲ့သလို အရှင်ဖမ်းမိတဲ့လူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်းထံက သိရပါတယ်။
Read More

ဝန်းသိုမြို့က စစ်ဘေးရှောင်များအတွက် အရေးတကြီး လိုအပ်နေသည့် အကူအညီများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထုအတွက် အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ ထောက်ပံ့ကူညီခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၁၀ နှစ် တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။