နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ တောင်ညို – ကျွဲရှင်းလမ်းဆုံမှာ ရွှေအိုးစည် ခရီး သည်တင်ယာဉ် ချောက်ထဲထိုးကျပြီး ၂ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက မန္တလေး-နေပြည်တော် မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ ဥတ္တရသီရိမြို့နယ် ကျွဲရှင်းကျေးရွာ တောင်ညို – ကျွဲရှင်းလမ်းဆုံမှာ ချောက်ထဲထိုးကျရာအောက်မှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို ဝင်တိုက်မိပြီး လူ ၂ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဝပ်ရှော့ဆရာဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဝပ်ရှော့ပိုင်ရှင်လင်မယား အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာ စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးရဲကင်းစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း  စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့သလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဘလယ်ဒိုစခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

အသက်ရှင်ကျန်ရစ်ပြီး မိသားစုနဲ့ တွေ့ဆုံချင်ရင် လက်နက်ချဖို့ AA ထပ်မံ သတိပေး (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်တိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်ပြီး စစ်ကောင်စီတပ်သားနဲ့ မိသားစု အများအပြား အလံဖြူထောင် အညံ့ခံခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၇ ရက် မနေ့ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ရက်ထဲ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ Taung Nyo Column -P29906 အဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ထောက်ပို့ပစ္စည်းတွေ ပို့ပြီး ပြန်လာတဲ့ စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။