အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ကာကွယ်ရေးဌာန (DoD) ဌာနမှူးနဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ လူထုတော်လှန်ရေး မဟာမိတ် အင်အားစု (PRA Magway) က ဗဟိုကော်မတီဝင်တွေနဲ့ ဩဂုတ် ၃၀ ရက်မှာ ပထမအကြိမ် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ဘုံသဘောတူညီချက် (၃) ရပ်ကို ချမှတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူခဲ့တဲ့နေ့ကစပြီး ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းသွားဖို့အတွက် အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု (PRA – Magway) တို့ဟာ နိုင်ငံရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော် လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ဟာ တစ်ဖက် နဲ့ တစ်ဖက် စစ်ရေး နိုင်ငံရေးအရ အပြန်အလှန် ကူညီရပ်တည်သွားမယ်လို့လည်း သဘောတူညီခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမှာ အရပ်သားရှင်ပြုပွဲကို စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီး၊ ရိက္ခာလုယူ၊ နေအိမ်တွေကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရှင်ပြုအလှူပွဲပြုလုပ်နေတဲ့ ရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်တွေ မီးရှို့သွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းက ပျူစောထီး ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု အောင်စီသာရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၄ ယောက်ကို ပစ်ခတ်ရှင်းလင်းရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန် ဒဏ်ရာရသွားတယ်လို့ သဲကုန်း (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်မှ ကျောက်မဲမြို့နယ်သို့် ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA မှ စားနပ် ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်ကနေ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု တောင်ခြေကျေးရွာကို ရောက်ရှိ လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု အကူအညီတွေ ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။