မကွေးတိုင်း၊ ကမ္မမြို့ပေါ်မှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁ ရက်က ကမ္မမြို့ပေါ်ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို RED GIANTနဲ့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – RED GIANT

0 Shares:
You May Also Like
Read More

လွိုင်ကော်မြို့ မြကလပ်တောင်တော်ပေါ်ရှိ စစ်တပ်စခန်းကို ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြကလပ်တောင်တော်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲဘော်တွေ ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံကို KNDF/ B-15 က ထုတ်ပြန်လိုက်ပါတယ်။
Read More

KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မံစီမြို့ ခမရ ၆၀၁ နဲ့ အမြောက်တပ် ၃၅၂ မြင်ကွင်းများ (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) ကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က‌‌ လေကြောင်းကနေ ဗုံးကြဲ၊ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကန်ရင်ကျေးရွာရှိ မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces-NPRF ထံက သိရပါ တယ်။ ယနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက အရာတော်မြို့နယ် ကန်ရင်း‌ကျေးရွာရှိ မူကြိုကျောင်းအား တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည့် ပေါက်တိုင်းတံတားဂိတ်တိုက်ပွဲ ရုပ်သံ ဒေါင်းညီနောင်စစ်ကြောင်း ထုတ်ပြန်

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို‌ မေလ ၇ ရက်က တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြို့သစ်မြို့အဝင်ဂိတ်အား တော်လှန်ရေးတပ်များ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People's Defence Force - Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။