စစ်ကော်မရှင်လို့ အများကြခေါ်ကြတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးကြောင်း Justice For Myanmar (JFM) က ဒီနေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ အပါအဝင် SSPC ရဲ့ အဖွဲ့ဝင် စစ်ဗိုလ်ချုပ်အားလုံးဟာ အနည်းဆုံး ကမ္ဘာ့နိုင်ငံတစ်ခုစီရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် SSPC အဖွဲ့အစည်းကို ဒဏ်ခတ်ပိတ်ဆို့မှု မချမှတ်ရသေးတာက စိုးရိမ်စရာ ကယ်ပေါက်တစ်ခု ဖန်တီးပေးထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ တရားမဝင် ဟန်ပြကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင် သူတို့ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီလို့ ခေါ်ကြတဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)” ကို “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖြစ် ခေါင်းစီးပြောင်းလဲ ခေါ်ဆိုစေခဲ့တာ ဖြစ်ပါတယ်။

ယခင် စစ်ကောင်စီ SAC အဖွဲ့ကို ၂၀၂၁ ခုနှစ် မေလ ၁၇ရက်မှာ အမေရိကန်ပြည်ထောင်စုကလည်းကောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ရက်မှာ ယူကေနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့မှာ အီးယူကလည်းကောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ ကနေဒါနိုင်ငံကလည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ တရားမဝင် စစ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားနိုင်ရေး၊ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားရှောင်ရှားနိုင်ခြင်း မရှိစေရေးတို့အတွက် အခုထပ်မံဖွဲ့စည်းထားတဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ အမြန်ဆုံး ထည့်သွင်းဖို့ လိုအပ်တယ်လို့ JFM က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိခြင်းသည် စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက်နိုင်ဟု NUG ပြော

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတာဟာ အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ကိုရီးယားလွှတ်တော်မှာ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာကိစ္စ လွှတ်တော်မှာ ဆွေးနွေးမယ်

တောင်ကိုရီးယားနိုင်ငံ၊ လွှတ်တော်အစည်းအဝေးခန်းမမှာ "ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက် " ခေါင်းစဉ်နဲ့ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနဲ့ ရေဘေးဆိုင်ရာ ဆွေးနွေးပွဲလုပ်မယ်လို့ ထိုင်းပြော၊ မယ်ဆိုင်မြစ်ကမ်းဘေး နေထိုင်သူတွေ မြေသိမ်းခံရနိုင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။
Read More

အကူအညီ ဖြတ်တောက်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရေး စုံစမ်းစစ်ဆေးမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ IIMM ပြော

အလှူရှင်တွေထံက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဖြတ်တောက်ခြင်းနဲ့ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ခြင်းတွေက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲက ပြောလိုက်ပါတယ်။
Read More

အင်ဒိုနီးရှားလွှတ်တော်အမတ်တွေရဲ့ အခွင့်ထူးအပေါ် ဆန္ဒပြမှုအတွင်း လူ ၄ ဦးထက်မနည်းသေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ လွှတ်တော်အမတ်တွေအတွက် သတ်မှတ်ပေးထားတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားလျက်ရှိတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှား လွှတ်တော်အမတ်တွေဟာ တလကို ရူပီသန်း ၅၀ ( အမေရိကန်ဒေါ်လာ ၃,၀၀၀) တန်ဖိုးရှိ လစဉ်ထောက်ပံ့စရိတ်ရရှိကြောင်း သတင်းတွေကြောင့် ပြည်သူတွေ ဒေါသထွက်ပြီး ယခုသီတင်းပတ်အစကတည်းက ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာပါ။