ရခိုင်ပြည်‌ရေပိုင်နက်အတွင်း သြဂုတ် ၃၁ ရက်က ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို AA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ရုပ်သံဖိုင်ထဲမှာ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို AA ကမ်းခြေစောင့်တပ်က ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို စစ်ဆေးမေးမြန်းနေတာ တွေ့မြင်ရပါတယ်။

Video – AAInfoDesk

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့ရှိ ပြိုကျနေသည့် အဆောက်အအုံအောက်တွင် နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းမြို့ရှိ ပြိုကျနေတဲ့ အဆောက်အအုံအောက်မှာ နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ရုပ်သံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမမှ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားသစ်များကို သင်တန်ပေးနေသည့်စခန်းအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲမှာ ဗိုလ်မိုက်ခဲပြောကြားချက် (ရုပ်/သံ)

''ကျွန်တော်တို့ ခံယူချက်ရှိရတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေချင်တယ်။ အိမ်ပြန်နေချင်တယ်။ ဘီယာသောက်ချင်တယ်။ အကုန်လုပ်ချင်တယ်ဗျာ လွတ်လပ်စွာနေချင်တယ်။ အဲလိုမျိုးအနေအထားရောက်ဖို့အတွက် ဒီအာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်မှာရမယ်။ တိုက်ရဲဖို့လည်း လိုသလို တိုက်မယ်လို့ ဆုံးဖြတ်ချက် ချထားပြီးရင်လည်း နောက်ပြန်ဆုတ်လို့မရဘူး''
Read More

ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ စကား (ရုပ်/ သံ)

ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားခဲ့တာဖြစ်ပါတယ်။