အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင် စစ်ဌာနလက်အောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ယင်းမာပင်ခရိုင် အမှတ် (၂၆) တပ်ရင်းတို့ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နိုင်ဖို့ ရှေးရှုပြီး ဩဂုတ်လ (၃၁)ရက်နေ့မှာ တခုတည်းသောတပ်ရင်းအဖြစ် အပြီးသတ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာထားပါတယ် ။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ယင်းမာပင်ခရိုင် တပ်ရင်း (၂၈)နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း (၃၁) တို့ တပ်ရင်း ၁ ရင်းတည်းအဖြစ် ပေါင်းစည်းခဲ့ပါသေးတယ်။ အညာဒေသမှာ တပ်ရင်းတွေ ဖောင်းပွနေတာကို လျှော့ချကာ ရန်သူကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အားကောင်းကောင်း တိုက်ထုတ်ဖို့ ပေါင်းစည်းလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်မရောမှာ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

မွန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှု အပြည့်အ၀ မအောင်မြင်ခဲ့

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အပြည့်အ၀ မအောင်မြင်ခဲ့ဘူးလို့  ရာမညဖက်ဒရယ်အင်အားစုသစ် - NRFF က ထုတ်ပြန်ပါတယ်။
Read More

သာပေါင်းအနီး တိုက်ပွဲပြင်းထန်မှုကြောင့် ရာနှင့်ချီသည့် သစ်ထုတ်လုပ်ရေး ဆင်များကို ပြောင်းရွှေ့

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အနီးအထိ တိုက်ပွဲတွေ ပြင်းထန်နေလို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ရာနဲ့ချီတဲ့ ဆင်တွေကို ဝန်ထမ်းတွေနဲ့အတူ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။