မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၃၁ ရက် နေ့လယ် ၃ နာရီလောက်မှာ စလင်းမြို့ အထက (၁) ကျောင်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးထဲမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးမှု သရုပ်ပြနေတယ်လို့ သိရတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက အခုလို အသံမိုင်းနဲ့ သွားရောက်ဖောက်ခွဲ သတိပေးခဲ့တယ်လို့ သိရပါတယ်။

“သူတို့ ကျောင်းဆရာ/မ တွေနဲ့ ထွေအုပ်ဝန်ထမ်းတွေနဲ့ ဆန္ဒမဲပေး သရုပ်ပြပွဲလုပ်နေတာကို ကျနော်တို့ သတင်းရတော့ ကျနော်တို့က ၃၀ ရက်နေ့မှာ တစ်ရက်ကြိုပြီး ဒီမိုင်းကို ဆင်ထားတာပေါ့နော်၊ ဒီရွေးကောက်ပွဲကို သတိပေးတာ အသံမိုင်းတစ်လုံးပါပဲ။ အသံမိုင်းကို အထက (၁) ကျောင်းထဲမှာ လုပ်ခဲ့တာ” လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုပြည်သူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်တပ်က ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးနေသူတွေ၊ ထောက်ခံအားပေးသူတွေနဲ့ ပါဝင်ပတ်သက်သူမှန်သမျှကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။

“အဓိက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှာ လှုံ့ဆော်သူတို့၊ ပါဝင်ပတ်သက်သူတို့၊ ဖြစ်မြောက်အောင် လုပ်ပေးသူတို့ အဲဒီလူအားလုံးကို ကျနော်တို့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်သွားမှာဆိုတဲ့အကြောင်း အခုက ကြိုတင်သတိပေးတဲ့အနေနဲ့ အသံမိုင်းကိုပဲ ဖောက်ခွဲခဲ့တာ” လို့ ကိုပြည်သူက ဆက်ပြောပါတယ်။

အဆိုပါ အသံမိုင်း ဖောက်ခွဲသတိပေးမှုကို စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) ယာယီပူးပေါင်းညီနောင်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တရားမဝင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း -၁ အနေနဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာ လုပ်ဆောင်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတု နောက်ဆုံးအပိုင်းတွင် စစ်တပ်နှင့် ပြည်သူ့စစ် အပါအဝင် အဖွဲ့စုံစောင့်ကြပ်မည်ဟု ဆို

အာဏာသိမ်းစစ်တပ်က လုံခြုံရေးအခြေအနေကြောင့် အပိုင်းလိုက်ကျင်းပနေရတဲ့ အတုအယောင် ရွေးကောက်ပွဲရဲ့ နောက်ဆုံးအကြိမ်မှာ ပြည်သူတွေအနေနဲ့ စိတ်အေးချမ်းစွာ မဲပေးနိုင်ဖို့ စစ်တပ်၊ ပြည်သူ့စစ်အပါအဝင် အဖွဲ့အစည်းအစုံက စောင့်ကြည့်လိမ့်မယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးက ဆိုလိုက်ပါတယ်။
Read More

“ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေက ရန်ကုန်မှာပြန်ဆုံမယ် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့အခမ်းအနား (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြီး ကယန်းဒေသ တစ်နေရာမှာ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့ကို  အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ KNA က ထုတ်ပြန်ပါတယ်။