ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ်လ ၃၁ ရက် ညနေပိုင်းမှာ လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် အနီးနားရှိ အရပ်သားပြည်သူ ၁ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ အဆောက်အအုံနဲ့ ယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – ဒေသခံ

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၁၄ ရက် မနေ့က ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွေသယ်ဆောင်ပြီး ထွက်လာတဲ့ တွဲကား ၂၃ စီးကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာ Jummer ယာဉ် ၆ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲဆင်နွှဲအပြီး ဗျူဟာ ၄၂ ရဲဘော်များ မိခင်တပ်ရင်းသို့ ပြန်လည်အခြေချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ ရဲဘော်တွေဟာ ဧပြီ ၅ ရက်နေ့မှာ မိခင်တပ်ရင်းကို ပြန်လည်ရောက်ရှိလာပြီလို့ ကျားသစ်နက်တပ်မတော် Black Leopard Army က ထုတ်ပြန်ထားပါတယ်။
Read More

သင်္ကြန်အကျနေ့ သနပ်ပင်ဇင်းရွာကို ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပစ်ခတ်မှု လေထီး မောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် သနပ်ပင်ဇင်းရွာကို ဧပြီ ၁၄ ရက် နံနက်ပိုင်းက ဗုံးလာကြဲတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပကဖစုဖွဲ့မှုတပ် (ပေါက်၊ မြိုင်၊ ကမ္မ) လက်နက် ကြီးတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေထီးမောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံ မဲဆောက်မြို့က သြရွဇာရွှေဆိုင် ဓားပြတိုက်လုယက်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေတွေ လုယက်ယူဆောင်သွားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။
Read More

မန္တလေးကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကူညီကယ်ထုတ်ခဲ့သည့် မှတ်တမ်းရုပ်သံ ပကဖအသံ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖအသံက ထုတ်ပြန်ထားပါတယ်။