သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့နယ်ရှိ  ပြည်သူလူထုကို ဦးတည်ပြီး ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသား (၁) ယောက် သေဆုံးခဲ့ကာ သံဃာတော် (၃)ပါး၊ အမျိုးသား (၆) ယောက်နဲ့ အမျိုးသမီး (၄) ယောက်တို့ ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် အလုံး (၄၀) ၊ အဆောက်အဦး (၁)ခု၊ စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၅)ကျောင်းနဲ့ ကား (၄)စီးတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေရှိရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် (၂)ပါး၊ ကလေးငယ် (၄) ယောက်၊ အမျိုးသား (၁၈) ယောက်နဲ့ အမျိုးသမီး (၁၇) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၁)ပါး၊ အမျိုးသား အယောက် (၂၀) နဲ့ အမျိုးသမီး (၄) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၈) လုံး၊ အဆောက်အဦး (၁)ခု၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကား (၃)စီးနဲ့ ဆိုင်ကယ် (၃)စီးတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က သီပေါမြို့ကိုလည်း လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး (၂) ယောက်နဲ့ အမျိုးသား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် (၁၄)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မိုင်းလုံမြို့မှာလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါး၊ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး သံဃာ တော် (၂)ပါး၊ သာမဏေ (၃)ပါး၊ အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄) လုံး၊ ကျောင်းဆောင် (၅)ဆောင်နဲ့ ဓမ္မာရုံ (၁)ရုံ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းငေါ့မြို့မှာလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသား (၂) ယောက် သာမဏေ (၃)ပါးနဲ့ အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၂) လုံး၊ ကျောင်းဆောင် (၄)ဆောင်နဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်းတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်းမှာလည်း ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့ပြီး (၈၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၁၆)လုံး၊ စာသင်ကျောင်း (၂)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငသိုင်းချောင်းက အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း အမြောက်တပ်ရင်းကို AA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ရွေးကောက်ပွဲဥပဒေဖြင့် မတရား ဖမ်းဆီးခံထားရသူ ၇၇ ဦးထက်မနည်း ရှိပြီဟု AAPP ထုတ်ပြန်

အာဏာသိမ်းစစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနီးကပ်လာလေလေ ဝါဒဖြန့်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကိုလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာရာ အခုဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ၇၇ ယောက်အထိ ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်က မရမ်းကုန်းမြို့နယ်မှာ လျှပ်စစ်မီတာဘောက်ကတဆင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းမှာ လျှပ်စစ်မီတာဘောက်ကတစ်ဆင့် Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်းလေးပင်တွင် အကြမ်းဖက်စစ်ဗိုလ်များနှင့်ပေါင်းပြီး ဆက်ကြေးကောက်နေသည့် ရာအိမ်မှူးဟောင်း ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ဗိုလ်တွေနဲ့ပေါင်းပြီး အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ရာအိမ်မှူးဟောင်း ပျူစောထီး၁ယောက်ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်ချိန် ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ လုပ်ဆောင်ခဲ့တဲ့ 9 Stars UG အဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ၏ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ဖော်ပြထားပါတယ်။