စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၃၁ ရက် မနက် ၈ နာရီခွဲလောက်မှာ ချပ်သင်းကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ပုဏ္ဏားကြီးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ကာ ဦးကင်းကြည်ရွာနဲ့ နှောကုန်းရွာဘက်ကို ဒရုန်းဗုံးသီး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ပုဏ္ဏားကြီးရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၄၅ နှစ်အရွယ် ကိုဇော်မျိုးလှိုင်နဲ့ ဇနီးဖြစ်သူ ၄၄ နှစ်အရွယ် မမာမာသင်းတို့ ၂ယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့သလို စစ်ရှောင်တဲ ၄လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုပါ စစ်အုပ်စု ပုဏ္ဏားကြီးရွာ အရှေ့ဘက်အရောက်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အထိနာကာ ရှေ့ဆက်မတိုးတော့ဘဲ ချပ်သင်းအထိုင်စခန်းထဲကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ကျီကျင်းရွာကို ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ အယောက် ၄၀ ကျော်ကို ဖမ်းဆီးကာ အဲဒီထဲက အမျိုးသား ၈ ယောက်ထက်မနည်းကို သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ABSDF ဒုဥက္ကဌ ဦးဆောင်သည့်အဖွဲ့မှ ​ပြည်သူလူထုကို လက်ရှိ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများ ပြောကြား၊ လူထုစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး‌ (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ ဒုဥက္ကဌ ရဲဘော်လဆိုင်း ဦးဆောင်ပြီး ABSDF အမှတ်( ၂ ) စစ်ကြောင်း တာဝန်ရှိသူတွေက စိုးမိုးနယ်မြေရှိ ပြည်သူလူထုကို လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ ပြောကြားခြင်းနဲ့ လူထုစည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ABSDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် အမှိုက်ကောက်သမားအသွင်နှင့် သတင်းထောက်နေသည့် စစ်ကောင်စီတပ်ကြပ်ကြီးပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ အမှိုက်ကောက်သူအဖြစ် ဟန်ဆောင်ရင်း PDF တပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကို လာရောက်စုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Yoma GBK PDF တပ်ခွဲမှူး ကိုကရင်လေးက မောင်းကိုပြောပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါ ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကြုံးဝါးခဲ့တဲ့အတိုင်း အမ်း (နပခ) ကို တက်ကြိတ်လိုက်တဲ့ ရက္ခိုင့်တပ်တော် AA

AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။