အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ သင်တန်းသား စစ်အရာရှိ အယောက် ၂၀ ထက်မနည်း သေပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို တော်လှန်ရေးတပ်ဖွဲ့တွေက သြဂုတ်လ ၂၆ရက်မှာ ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ရာ အလုံးတိုင်း အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါသင်တန်းမှာ စစ်အရာရှိ ၄၀၀ ကျော် သင်တန်းလာတက်နေတယ်လို့ အတွင်းသတင်းအတိအကျရပြီး သင်တန်းချိန်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်ကာ စာသင်ဆောင်အတွင်း ရှော့တိုက်ဒုံးတွေ ထိမှန်ပေါက်ကွဲခဲ့တာကြောင့် သင်တန်းသားအရာရှိ ၂၀ ကျော် (ပိုများနိုင်ဟု ခန့်မှန်းချက်များရှိ) ပွဲချင်းပြီးသေဆုံးကာ အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေထံကနေ သိရတယ်လို့ BWM က ဆိုပါတယ်။

သင်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်ကြီး ပြင်းထန်ဒဏ်ရာရခဲ့ပြီး သူ့နေအိမ်မှာရှိတဲ့ စစ်သား ၃ယောက် ပွဲချင်းပြီး သေခဲ့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် အိပ်ဆောင်တာဝန်မှူးအပါအဝင် အခြားအဆင့်စစ်သည် ၆ယောက်လည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိခိုက်ပျက်စီးမှုအနေနဲ့ သင်တန်းကျောင်းရှိ လက်နက်ကြီး အထိုင်နေရာ ၂ခု ထိမှန်ပျက်စီးခဲ့သလို စာသင်ဆောင်နဲ့ အတွင်းပစ္စည်းတွေ ပျက်စီးခဲ့ပါတယ်။ ဒုကျောင်းအုပ်ရဲ့ နေအိမ်ဆောင်နဲ့ သင်တန်းအိပ်ဆောင် ၂ခု မီးလောင်ခဲ့သလို သင်ကြားရေးပစ္စည်း၊ ပရိဘောဂတွေနဲ့ ကား ၃စီးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုထုတ်ပြန်တဲ့ ပျက်စီးသေဆုံးမှု စာရင်းတွေထက် မြေပြင်မှာ ပိုမိုများပြားနိုင်ကြောင်း နယ်မြေခံတွေက အတည်ပြုသတင်းပေးထားတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ မြန်မာပြည်အနှံ့က ဒေါက်တိုင်တွေဖြစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး သင်တန်းတွေကို အဓိကပေးနေတဲ့ သင်တန်းကျောင်းဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို BWM ရဲ့ ဦးဆောင်မှုနဲ့အတူ Mountain Knight Civilian Defense Force (MKCDF) နဲ့ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ တစ်ပတ်အတွင်း အရပ်သား ၉၀ကျော်ကို စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွား

ကန့်ဘလူမှာ တစ်ပတ်တာအတွင်း အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

NPT-PDF ရဲဘော် ၇၇ ယောက်ကို ပထမအကြိမ်အဖြစ် တပ်မှူးငယ် သင်တန်းပို့ချခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။