သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၁ရက် မနေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက အားကစားဝတ်စုံအစား မြန်မာ့ရိုးရာဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး ၄၂.၂ ကီလိုမီတာ (၂၆ မိုင်) အကွာအဝေးရှိတဲ့ ပြိုင်ပွဲကို ၄ နာရီ ၁၂ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း ပန်းဝင်ခဲ့တာပါ။ ဒါကြောင့် ဒေါက်တာ မြင့်မိုရ်ဦးဟာ မြန်မာ့ရိုးရာဝတ်စုံနဲ့အတူ အမြန်ဆုံး မာရသွန်အချိန် သတ်မှတ်ခံရကာ ဂင်းနစ်စံချိန်ဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်က တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေကြောင်း၊ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲကာ ရက်ရက်စက်စက် သတ်ဖြတ်နေကြောင်းနဲ့ ဒါတွေကို ဆန့်ကျင်ကြောင်း ပြသချင်သလို မြန်မာ့အရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေဖို့အတွက် ရည်ရွယ်ပြီး အခုလိုပုံစံ ဝတ်စား ယှဥ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာ မြင့်မိုရ်ဦးဟာ နာရေးကူညီမှုအသင်း (ဥက္ကဋ္ဌ) ဦးကျော်သူနဲ့ ဒေါ်‌ရွှေဇီးကွက်တို့ရဲ့ သမီးလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ Heart Beams Rising)

0 Shares:
You May Also Like
Read More

အရပ်သားများကို ဗုံးကြဲနေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ စိတ်ကူးလို့တောင်မရဘူးဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို ထောက်ပြပြီး အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုက နောက်လမှာလုပ်မယ့် ရွေးကောက်ပွဲကို စိတ်ကူးလို့တောင်မရဘူးလို့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
Read More

အစ္စရေး-အီရန်ပဋိပက္ခအရေး EU ခေါင်းဆောင်များနှင့် အီရန်ဆွေးနွေးမည်၊ အီရန်နျူကလီးယားစခန်းကို တိုက်ခိုက်ဖို့ စဉ်းစားနေသည်ဟု ထရမ့်ပြော

အစ္စရေး-အီရန်ပဋိပက္ခအရေး အဆုံးသတ်ဖို့ ကြိုးပမ်းချက်အနေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်နဲ့ EU ခေါင်းဆောင်တွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ သောကြာနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ 
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

မင်းအောင်လှိုင် ဆိုတာ ဒီမိုကရေစီ အစပျိုးပေးမည့်သူ မဟုတ်၊ ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်သာ ဖြစ်သည်ဟု SAC-M ပြော

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးနေသယောင် ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောဆိုလိုက်ပါတယ်။
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။