စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာ တဲ့ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ Black Eagle Defence Force – MMU က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၃၀ ရက် မနက် ၆ နာရီဝန်းကျင်ခန့်က မြောင်လမ်းခွဲကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကား ၂ စီးလုံး ရပ်တန့်သွားပြီး ၁ စီးက လုံးဝပျက်စီးသွားကာ အကြမ်းဖက်စစ်သား ၁၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက်စစ်သားတွေက ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် MA 11 ၂ လက်၊ ကျည်ဘောက် ၁ ခုနဲ့ အီဂါနာ ၁ လုံးသာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းမူမြို့နယ်ပ.က.ဖ တပ်ဖွဲ့ဦးဆောင်ပြီး Black Eagle Defence Force (MMU)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ(၂)၊ အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့၊ တောချောင်းဦးတိုက်နယ်တပ်ဖွဲ့နဲ့ မြင်းမူမြို့နယ်ပ.လ.ဖတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ရဲဘော် ၁ ယောက် ခြေ ထောက်ကျည်မှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Black Eagle Defence Force – MMU

0 Shares:
You May Also Like
Read More

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက်အခမ်းအနားကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို အမှတ် - ၁ စစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင် ကျောက်မဲတောင်ရဲစခန်းကို EDF တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့နယ် ကျောက်မဲတောင်ရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ Eastern Defense Force EDF ကသတင်းထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူတွေ သွားလာရအဆင်ပြေစေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကျောက်ချောလမ်း ပြုပြင်ဖောက်လုပ်ပေး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း တစ်နေရာမှာ မိဘပြည်သူတွေ အချိန်တိုအတွင်း စိတ်ချမ်းသာစွာ သွားလာနိုင်ရေး မီတာ ၇၀၀၀ အရှည်၊ အကျယ် ၂၈ ပေရှိတဲ့ ကျောက်ချောလမ်းပြုပြင်ဖောက်လုပ်ပေးခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

KK Park အတွင်း ၃ ရက်ဆက် ဗုံးများပေါက်ကွဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park အတွင်း ၃ ရက်ဆက် ပေါက်ကွဲမှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။