မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၁ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်က ငတရော်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုတွေ မရှိဘဲ တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ထိတွေ့မှုလည်း မရှိ၊ တိုက်ပွဲလည်း မရှိပါဘူးဗျ။ စစ်ကြောင်းလည်း မရှိပါဘူးဗျ။ သေဆုံးသူ ၃ဦးကတော့ အမျိုးသမီးတွေကြီး၊ ဒဏ်ရာရတဲ့ ၄ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်ဗျ” လို့ ရေလယ်ကျွန်းဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့တဲ့ ငတရော်ကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ကျေးရွာမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို ထိခိုက်သေဆုံးအောင် ရည်ရွယ်ကာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေ ထိခိုက်သေဆုံးတဲ့အပြင် လူနေအိမ် ပျက်စီးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ငတရော်ကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက မကြာခဏ ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ခံရတာလည်း ရွာလုံးကျွတ်နီးပါး ဖြစ်နေပြီလို့ သိရပါတယ်။

ရေလယ်ကျွန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ် ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ကင်း စခန်းနဲ့ မီးသတ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution - Wetlet က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မယ်တော်ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းသားဆေးခန်း (ခေါ်) မယ်ထော် ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆေးခန်းစတင်တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူလူထုနှင့် စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဒိုက်ဦးထောင်တွင် စစ်တပ်မှ အသွင်ပြောင်းလာသည့် ဒုထောင်မှူး ဦးဆောင်ကာ နိုင်ကျဥ်းများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားတဲ့ လုပ်ရပ်တွေကို ဆိုးရွားစွာ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

အမ်း နပခ ထဲမှာ တိုက်ခိုက်ဖို့ နေရာအနည်းငယ်သာ ကျန်ရှိတော့ပြီး ရာချီခန့်ရှိတဲ့ စစ်သားတွေ အသည်းအသန်ခုခံနေ၊ ရိုးမတောင်တန်းကနေ စစ်ကောင်စီ ပစ်ကူတဲ့ လက်နက်ကြီးတွေ တိုင်းစစ်ရုံးထဲက စစ်သားတွေဆီကျပြီး ထိခိုက်သေဆုံး

အမ်း နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ် (တိုင်းစစ်ရုံး) ထဲမှာ အာရက္ခတပ်တော် AA က တိုက်ခိုက်ဖို့ နေရာအနည်းငယ်သာ ကျန်ရှိတော့ပြီး ခန့်မှန်းချေ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေက အသည်းအသန် ပြန်လည်ခုခံနေတယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။