ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

SSPP/SSA အုပ်ချုပ်ရေးနယ်မြေ မြို့နယ်အမှတ် (၂၄) ကျောက်မဲမြို့ နယ် နောင်ပိန်ကျေးရွာအုပ်စုကနေ မြို့နယ်အမှတ် (၂၀) ကျောက်မဲမြို့နယ် တန်ခွန်တိုင်ကျေးရွာအုပ်စုကို ရောက်ရှိ ခိုလှုံလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ အကူအညီ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ(၃၀) ရက်ကလည်း SSPP/SSA ရဲ့ အုပ်ချုပ်ရေးနယ်မြေ ခရိုင်အမှတ်(၁၁) ခရိုင်အုပ် ချုပ်ရေးဌာနနဲ့ မြို့နယ်(၂၀) က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနတို့ဟာ ကျောက်မဲမြို့နယ်၊ တန်ခွန်တိုင် ကျေးရွာအုပ်စု ခိုတင့်ကျေးရွာဖုန်းကြီးကျောင်း ၊ နမ့်လင်းကျေးရွာနဲ့ ခဲမွန်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ဘေးရှာင်ပြည်သူ (၂၀၈) ယောက်ကို သွားရောက်တွေ့ဆုံကာ အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ အဆိုပါစစ်ဘေးရှောင် ပြည်သူတွေကို ကျပ်ငွေ (၁၇) သိန်းတန်ဖိုးရှိ စားသောက် ဖွယ်ရာ ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့်တို့ကို သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

‌ကျောက်မဲ မြို့နယ်အတွင်းရှိ နောင်ပင်၊ လုပ်ပါ၊ လုပ်အင်၊ ပန်တီး၊ နောင်ပစ်၊ ပန်မခေါ်၊ လုံကြိမ်၊ ပင်တင်၊ ခွန်ညု၊ နောင်ပင်လမ်းခွဲ စတဲ့ ကျေးရွာတွေအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးတာတွေ ရှိသလို ဒေသခံပြည်သူ (၆၀၀၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆယ်ဝရွာတွင် စစ်ရှောင်ပြည်သူများ ရွာထဲပြန်ဝင်ပြီး ရက်ပိုင်းအကြာ လေကြောင်းတိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း ယောမှာ စစ်တပ်လေကြောင်း ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၁ ယောက် သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် မကွေးတိုင်း၊ ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်( PMCSG ) က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။