စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အသိပညာပေးတဲ့ ၅ ရက်တာသင်တန်းကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

၅ ရက်ကြာပြုလုပ်တဲ့ အဆိုပါသင်တန်းမှာ ကလေးသူငယ်အခွင့်အရေး၊ ကလေးငယ်တွေရဲ့ ကာကွယ်စောင့်ရှောက်မှုခံယူပိုင်ခွင့်၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ ကလေးတွေအပေါ် ကြီးလေးတဲ့ချိုးဖောက်မှုတွေ (6 Graves Violations)၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပဋိပက္ခဆက်စပ်လိင်အကြမ်းဖက်မှု (CRSV) အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အခြေခံသိသင့်တဲ့ အခွင့်အရေးတွေကို သက်ဆိုင်ရာ သင်တန်းနည်းပြတွေက မျှဝေပို့ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမှုအဖွဲ့အစည်းအတွင်းက သတ်မှတ်ချက်တွေကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့သလို ချိုးဖောက်မှုတွေကို စနစ်တကျ တိုင်ကြားရမယ့် တိုင်ကြားမှုယန္တရားတွေကိုလည်း အသေးစိတ် သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း စစ်ဘေးဒဏ် ခံစားရသူများနှင့် စစ်ရှောင်ပြည်သူများကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ သွားရောက်တွေ့ဆုံစဉ်

သင်တန်းမှာ ပါဝင်တက်ရောက်တဲ့ ရေးရာတာဝန်ခံတွေကလည်း မြေပြင်မှာကြုံနေရတဲ့ အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးတာ၊ အုပ်စုဖွဲ့ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ သင်တန်းပို့ချမှုတွေအပြင် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအနေနဲ့ ကိုယ့်ရပ်ရွာအတွင်းမှာ သင်တန်းနည်းပြဆရာ အဖြစ် ပြန်လည်မျှဝေပို့ချမှုတွေ လုပ်ဆောင်နိုင်အောင်လည်း ဆွေးနွေးခဲ့သလို သင်တန်းပြန်လည်ပို့ချလိုတဲ့ ရေးရာတာဝန်ခံတွေကလည်း အဆိုပြုခဲ့ပါတယ်။

သင်တန်းတက်ရောက်ခဲ့သူ ရေးရာတာဝန်ခံတစ်ဦးကလည်း အခုလိုသင်တန်းတွေပို့ချခြင်းနဲ့ ပြန်လည်မျှဝေနိုင်အောင် ဝန်ကြီးဌာနဘက်ကလုပ်ဆောင်ပေးတာဟာ အသိပညာနဲ့နားလည်မှုတွေပိုတိုးတက်လာစေသလို  “ဒီသင်တန်းကနေ ရရှိလာတဲ့ ဗဟုသုတတွေဟာ ကျနော်တို့ရဲ့ ရပ်ရွာထဲက အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ဘဝအတွက် တကယ်ကို အကျိုးရှိစေမယ့် အသိပညာတွေပါ။ ဒီအသိပညာတွေကို ပြန့်ပွားစေပြီး ဒေသခံတွေရဲ့ ကာကွယ်စောင့်ရှောက်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာကို ဝမ်းသာမိပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။

0 Shares:
You May Also Like
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြုထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်ပြုတ်နဲ့ ကုန်းစံကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၁၆၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၅၄)လုံး၊ လေကြောင်းကနေ ဗုံး (၆)လုံးတို့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းရဲစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း ထံက သိရပါတယ်။ ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂နာရီခွဲကျော်လောက်မှာ စလင်းရဲစခန်းက အင်အား ၂၀ ဝန်းကျင်ရှိ စစ်အုပ်စုဟာ စလင်းမြို့အထွက် စိမ်းစိုဂိတ် ကင်းစခန်းကို ဆိုင်ကယ် ၄စီး၊ ကား ၁စီးနဲ့ ကင်းပတ်ထွက်လာချိန် စိမ်းစိုဂိတ်နဲ့ စလင်းမြို့မရဲစခန်းကြား၊ မီးရထားလမ်းပိုင်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။